Valentine Special

33.4K 2.6K 226
                                    

"​မစန္ဒာအတွက်တဲ့ ​ကောင်​ချော​လေးတစ်​ယောက်​ပေးသွားတာ"

နှင်းဆီနီနီတစ်ပွင့်ကိုကြယ်တာရာပန်း​တွေဝန်းရံထားသည့်ပန်းစည်း​လေးက စန္ဒာ​​ဇော်ဝင်းလက်ထဲ လန်းဆန်းစွာလှပ​​နေ၏။

"ဘယ်သူ​ပေးသွားတာလဲ"

"အဲဒါ​တော့ ကျွန်မတို့လည်းမသိဘူး"

ပ​ဟေဠိ​တွေဖြစ်သွားတဲ့ စန္ဒာ​ဇော်ဝင်းမျက်နှာကို တစိမ့်စိမ့်​ငေးကြည့်​နေသူတစ်​ယောက်ကိုဖြင့် ​ကျွန်​တော်နဲ့ရဲဘုန်း မသိချင်​ယောင်​ဆောင်​ပေးလိုက်ရသည်။ ဒီ​နေ့က ချစ်သူများ​​နေ့ပဲ​လေ။ ချစ်တတ်ကြသူတိုင်း ​ပျော်ခွင့်ရှိသည့်​နေ့ပါပဲ။

ဒီ​နေ့မှ အ​ရေးကြီး​အော်ပ​ရေးရှင်း​တွေလိုက်​ဝင်​ပေးထားရသည့်တစ်ကိုယ်လုံးက ဂျူတီကုတ်ကိုချွတ်လိုက်မှ လူကနည်းနည်း​အေးသွားသလို။ ​ပစ္စည်း​တွေကိုကျောပိုးအိတ်ထဲ လုံး​ထွေးထည့်ပြီး ​ခြေလှမ်းကျဲ​​တွေနဲ့ ဂျူတီထွက်ဖို့ပြင်ရသည်။

"​နေ​သော် ​မင်းဆီပို့ထားတဲ့ချောကလက်​တွေ"

"သူငယ်ချင်း​တွေနဲ့ ဒီညတာဝန်ကျမယ့်ဆရာမ​တွေကို ​ဝေ​ပေးလိုက်ပါကွာ။ ငါချိန်းထားတာရှိလို့ မရှင်းခဲ့​တော့ဘူး"

"ကားယူသွား ​ဟေ့​ရောင်"

"​နေ ​နေ။ ငါ တက္ကစီနဲ့ပဲပြန်မယ် ဒီ​နေ့​တော့"

ရဲဘုန်းဆီအသံချန်ထားခဲ့ပြီး ​ကျောပိုးအိတ်ကိုဆွဲလို့ ​ကော်ရစ်ဒါတစ်​လျှောက်​ပြေးရသည်။ မ​ပေါ့မပါးနဲ့ညီမ​လေးအတွက် သွားလာ​ရေးအဆင်​ပြေရ​အောင် ကျွန်​တော့်ကား​ပေးထားလိုက်​တော့ ဒီ​နေ့​တော့ တက္ကစီနဲ့အိမ်ပြန်​ပြေးရမည်။

အရင်ရက်​တွေ​တော့ ရဲဘုန်းနဲ့ဖြစ်ဖြစ်၊ ဖြိုး​လေးနဲ့ဖြစ်ဖြစ်လိုက်ပြန်တတ်​ပေမယ့် ဒီ​နေ့ရဲဘုန်းက နိုက်ဂျူတီကျပြီး၊ ဖြိုး​လေးကလည်း အစီအစဥ်​တွေရှိ​နေသည်။ အိမ်ပြန်​ပြေး ​ရေချိုးပြီးပြန်ထွက်ရင်​တော့ ည​နေ ၆နာရီချိန်းထားတာ မှီနိုင်ပါသည်။

ဒီလ​တွေညီမ​လေးကိစ္စ၊ အိမ်ကိစ္စနဲ့အသားမကျနိုင်တဲ့​နေ့ရက်​တွေထဲ ​သေချာဂရုမစိုက်​ပေးနိုင်ခဲ့တဲ့ချစ်သူအတွက် စက္ကန့်၊ မိနစ်တိုင်းကို အလဟဿဖြုန်းတီးမပစ်ချင်။ တကယ်ဆိုရင် ဒီ​လို​နေ့မျိုး အိမ်​စော​စောပြန် ​ရေချိုးပြီး သူ့​ကျောင်းအထိ​တောင် သွား​စောင့်​ပေးချင်သည်။ အ​ပြေးတစ်ပိုင်း​ခြေလှမ်း​တွေက ​ကျောင်းဝင်းကားပါကင်မှာ ​ခြေစုံရပ်မိသွား​စေ၏။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now