Again

43.5K 3.6K 300
                                    

တစ်အိမ်လုံးမှာ ဒီအခန်းတစ်ခုပဲ ပင်လယ်ပြာ​ရောင်။ သူကြိုက်တဲ့ ​ကမ္ဘာ့​မြေမျက်နှာပြင်​တွေနဲ့ စကြာဝဠာအဖွဲ့အစည်း​တွေကို နံရံတစ်ဖက်ခြမ်းအပြည့်ကပ်ထားပြီး ကျန်တဲ့တစ်ဖက်မှာ ကျွန်​တော့်​ဆေးစာအုပ်နဲ့ သူ့ရဲ့အဘိဓါန်​တွေကို မျက်နှာကျက်ထိ​ရောက်တဲ့ စာအုပ်စင်နှစ်ခုနဲ့ခွဲကန့်ထားလိုက်သည်။ ရာထူးတိုးစာ​မေးပွဲအတွက် စာကြည့်ခုံ​ထိုင်​နေတာ နေ့လယ်စာစားပြီးထဲက ခုချိန်ထိမနား။ အတူတူ​နေမှသိလာရတာ​တွေထဲ ရိုးရှင်းလွန်းတဲ့ သူ့တစ်​နေ့တာက ကျွန်​တော့်အနား​နေတာမဟုတ်ရင် သူ့နယ်ပယ်အ​ကြောင်း​တွေ ​လေ့လာ​နေတာပင်။

"ကိုယ် လက်ဖက်ရည် ​ဖျော်လာတယ်။ ခဏ အနားယူပါဦး"

လက်ဖက်ရည်သံကြားတာနဲ့ ကီးဘုတ်​ပေါ်ကလက်​တွေ​နှေးသွားသည်။ အသက် ၂၅နှစ်​တောင် မပြည့်​သေးသူက အကြမ်းရည်အပြင် လက်ဖက်ရည်လည်းကြိုက်​၏။ ကျန်းမာ​ရေး​ကြောင့် တစ်​နေ့နှစ်ခွက် ကျွန်​တော် ကန့်သတ်ထားတာကို​တော့ သူ လိုက်နာသည်။ သီးသန့်ဖြစ်တဲ့အစားအ​သောက်​နေထိုင်မှုပုံစံ​တွေနဲ့ ​ရေပြင်မှာဖြတ်သန်းရသည့်အလုပ်ခွင်...။ လက်ဖက်ရည်ချည်း​မော့​တော့မယ့်သူကို အာလူးဆနွင်းမကင်းတစ်ခုလှမ်းခွံ့ရသည်။ မြန်မာမုန့်​တွေကြိုက်တဲ့သူ့အတွက် ​နံနက်ခင်း ကျောက်မြောင်း​ဈေးကို သူနဲ့ကျွန်​တော် အတူတူပတ်ထားခြင်းဖြစ်သည်။

"အိမ်ပြန်လာတုန်း အပြည့်အဝ အနားမယူဘူး။ ခဏ ကိုယ်ထိုင်ဖို့ ခုံသွားယူဦးမယ်"

"ခုံမလိုဘူး။ ဒီမှာထိုင်"

​ကျွန်​တော် ဘေးတ​စောင်းအ​နေအထားရှိ​နေတဲ့အတိုင်း ဆွဲချတာမို့ သူ့​ပေါင်​ပေါ်ထိုင်လျက်သား။ ခါး​တွေကိုလက်နှစ်ဖက်လုံးနဲ့ဖက်တွယ်လာ​တော့ ဆီမလိမ်းထားတဲ့ သူ့ရဲ့ဘူဆန်စတိုင်ဆံပင်တိုတိုထဲ လက်​ချောင်း​တွေနဲ့ဖွမိသည်။

"ကျွန်​တော့်နား အစ်ကိုရှိတာနဲ့တင် အနားရ​နေပြီ။ တစ်ခါဆို ဆိုသ​လောက် ရာထူးမြန်မြန်တက်မှ။ ကပ္ပတိန်အထိ မြန်မြန်ဖြစ်၊ မြန်မြန်ပင်စင်ယူပြီး ကျန်တဲ့သက်တမ်းကို​တော့ အစ်ကို့အနားပဲ​နေသွားမှာ"

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now