Epi_18

33.5K 4K 433
                                    

​နွေအပူကို သင်္ကြန်​ရေ​​အေးတို့ကဖြောခနဲသဲ့ယူသွား၏။ ​beat သံပြင်းပြင်းနဲ့ သင်္ကြန်သီချင်းတို့က ​သွေး​ကြောထဲထိတိုးဝင်ရိုက်ခတ်​နေကြသည်။ ​ပျော်ရွှင်ခြင်းများက ​​ရေမှုန်စက်​တွေ​ခင်းတဲ့​လေထုထဲမှာ ​နေ​ရောင်ခြည်နဲ့​ရော​​နှောပြန့်ကျဲ​ကျ​နေသည်။ ​လမ်းမထက်ရှိလူ​တွေဆီက ​ပျော်ရွှင်ခြင်းရနံ့နဲ့ စိမ်းဖြာ​​ဝေပိ​တောက်ပင်ဖျားတို့ထက်က ပိ​တောက်ပွင့်ရနံ့တို့ သင်္ကြန်​​ရေ​ကြောင့် ​အေးစက်​နေတဲ့ကျွန်​တော့်ဝိဥာဥ်ဆီပျံ့လွင့်လာတတ်၏။ ရေပက်ခံကားက ပြည်လမ်း၊ ​မြေနီကုန်း​တောက်​လျှောက် ဖြတ်သန်းခဲ့ပြီးတဲ့​နောက်​တော့ ​မျက်နှာ​ပေါ်က ​ရေ​တွေကိုသပ်ချပြီး ရွှဲနစ်​နေတဲ့ဆံပင်​တွေကို ပင့်သပ်လှန်တင်လိုက်ရသည်။ ​ရေနစ်​နေတဲ့ဂျာကင်အထူနဲ့ညီမ​လေးလက်​ကောက်ဝတ်ကိုလှမ်းဆွဲပြီး အိမ်ကယူလာတဲ့ မျက်နှာသုတ်ပဝါအကြီးပတ်​ပေးထားရသည်။

"ကန်​တော်ကြီးပတ်လမ်းမှာ စတုဒိသာ​ပေါတယ်။ ​နေ့လယ်စာကို အဲ့မှာစား ခဏနားပြီးမှ လမ်းမ​တော်ဘက်ကပြန်ထွက်ရင်​​ကောင်းမလား အစ်ကို"

​ဇော်ထက်က အဓိပ္ပါယ်ပါတဲ့မျက်လုံး​တွေနဲ့ ကျွန်​တော့်နားတိုး​လျှောက်လာရင်း​မေး၏။

"အင်း မဆိုးပါဘူး။ ကန်​တော်ကြီးထဲဝင်နားလို့ရတာ​ပေါ့"

​ရေနစ်ထားတဲ့ကျွန်​တော့်အပြုံး​တွေက အသက်​ဝင်နေလိမ့်မည်မထင်။ ကန်​တော်ကြီးကို​ရောက်​တော့ မွန်းလွဲ​နေက ကျွန်​တော်တို့ကိုယ်​ပေါ်မှာ စီးဖြာကျ​နေ၏။ အပူဓါတ်ကဲကဲ​နွေထဲ ​ရေစိုစိုအင်္ကျီအ​ပေါ်လွှာတို့က ​ခြောက်​သွေ့လာ​နေသည်။ လူရှင်း​နေတဲ့ မဏ္ဍပ်တစ်ခုထဲဝင်ထိုင်လိုက်ကြ​တော့ စားမြိန်စရာက သင်္ကြန်ထမင်းဟင်း။ ဟာ​နေတဲ့ဗိုက်က သင်္ကြန်ထမင်း​အေး​အေးနဲ့ ငါး​ခြောက်မွှ​ကြော်​ကြောင့် ပြည့်တင်း​နွေး​ထွေးသွားသည်။

"​ဇော်ထက်တို့ မရှိ​တော့ဘူး ဘရဏီ"

ညီမ​​လေးသူငယ်ချင်းအဂီက တိုးတိုးကြိတ်​ပြော၏။

"ခွက်ပုန်းခုတ်​တော့မှာ​နေမှာ​ပေါ့။ သူ​သောက်ချင်လို့ ကန်​တော်ကြီးထဲဝင်ချင်တာ တစ်ပိုင်း​သေ​နေတာပဲ​လေ"

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now