Epi_15

33.5K 3.8K 507
                                    

"​ရောက်ပြီလား"

​လှေကား​ထောင့်ချိုးမှာ နံရံကိုမှီပြီးရပ်​​​နေတာမို့ ​လှေကား​ထစ်​တွေ​ပေါ်လှမ်းတက်လာတဲ့ကျွန်​တော့်​ပေါ် စီးမိုး​နေ၏။ ​​လှေကားမျက်နှာကျက်​ပေါ်ရှိမီးလုံးက အပြာ​ရောင်လဲ့လဲ့ဖြာ​ကျ​နေသည်။

"ဖုန်းကျသွားတာနဲ့။ ကိုယ်ပြန်​ခေါ်​တော့ ​နေ​သော်က မကိုင်ဘူး​လေ"

တင်းတင်း​စေ့နှုတ်ခမ်း​တွေနဲ့အကြည့်​အောက်မှာ ကျွန်​တော်​ခြေစုံရပ်မိ​နေသည်။

"ဖုန်းကို silent လုပ်ထားမိတာ ကိုထွဋ်။ ​​ပြောစရာရှိလို့လား"

အခုချိန် ကိုထွဋ်နဲ့မျက်နှာချင်းမဆိုင်ချင်​။ ကျွန်​တော့်ကို စူးစိုက်ကြည့်​နေတဲ့မျက်ဝန်း​တွေကို​ရှောင်လွှဲရင်း ​ခြေညှပ်ဖိနပ်အနက်​ရောင်စီးထားတဲ့ ​ခြေ​ချောင်းသွယ်​တွေကို ​ငေးကြည့်​နေမိသည်။

"အိမ်ပြန်လာ​နေပြီ​ပြောပြီး ဖုန်းဆက်မရ​တော့ စိတ်ပူသွားလို့"

​နေနဲ့လသာ ​ကောင်းကင်မှာထိပ်တိုက်​တွေ့ရင် ဘယ်လိုဖြစ်မလဲလို့ ကျွန်​တော်ကြိမ်ဖန်များစွာ​တွေးဖူးသည်။ ဒါက ​နေနဲ့လမဟုတ်​ပေမယ့် အ​နေရခက်စွာ ​အကြည့်​တွေကို​ရှောငိဖယ်ထားမိသည်။ ကိုထွဋ်လည်း ​ပြောပြီးမှမျက်နှာလွှဲသွား၏။

"သွား​နေကျလမ်း​တွေပဲ ကိုထွဋ်ရာ ဘာဖြစ်မှာလဲ။ ကျွန်​တော် မိန်းက​လေးလည်းမဟုတ်ဘူး"

"အင်း...​နေ​သော်က အ​ရှောင်တိမ်း​တော်တာ မေ့သွားလို့။ ဒါဆိုပြန်​တော့မယ်"

​​ဘေးကပ်​ရှောင်လိုက်​ပေမယ့် အင်္ကျီလက်ဖျားချင်းတိုက်သွားတာကို ခံစားမိ၏။

"​နေ​သော်"

အခု​တော့ ကိုထွဋ်က ​လှေကားအဆင်း၊ ကျွန်​တော်က​လှေကားအတက်အမြင့်ပိုင်းမှာ။ ကျွန်​တော်​ခြေလှမ်းရပ်လိုက်​ပေမယ့် ငုံ့မကြည့်ဖြစ်သလို ကိုထွဋ်ကလည်း ​မော့ကြည့်မလာပါ။

"ကိုယ့်အင်္ကျီ ​နေ​သော့်ဆီမှာ​​နော်"

"ဟုတ်တယ် ကိုထွဋ် ကျွန်​တော်​လျှော်ထား​ပေးတယ်"

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now