Epi_5

35K 4.1K 741
                                    

"ကူညီပေးတာ ကျေးဇူးတင်လိုက်တာ မောင်လေးရယ်။ မောင်လေးက first year လား"

"ဟုတ်"

"နေသော်နဲ့က ခင်တာကြာပြီလား"

"နင် သူ့ကိုအိမ်ခေါ်သွားလိုက်ပါလား စန္ဒာဇော်ဝင်း"

ယာယီအမိုးလုပ်ထားတဲ့ tent ကို ထောက်တိုင်ကနေ ဖြုတ်ချရင်း ကျွန်တော် လှည့်အော်မိသည်။ ဆင်ကြယ်ဖိနပ်ကိုအကဲခတ်ပြီး စကားနှိုက်ချင်နေတာတွေကို ကျွန်တော်က မမြင်တတ်ဘူးဆိုတော့။ ဖြူစင်လင်းနဲ့တခြားကောင်မလေးတွေက အစားအသောက်ထည့်သည့်ပန်းကန်နဲ့ ခြင်းတွေသယ်သွားကြတုန်း စန္ဒာဇော်ဝင်းက ကပ်နေခဲ့တာဖြစ်သည်။

"နင်ကလည်း အရမ်းအော်တာပဲ။ နင်တို့နှစ်ယောက်တည်း သိမ်းနေရမှာစိုးလို့ စောင့်ပြီးလည်းကူပေးရသေးတယ်"

"မကူနဲ့တော့ ရတယ်။ ခုံတွေကို store ထဲထည့်ပြီးရင် ဒီကြွေခွက်တွေက EC ကားပေါ်တင်မှာမလား။ ရပြီ နင် show ကြည့်မယ်ဆို လစ်လိုက်တော့"

"ရရဲ့လား"

"ရတယ်။ နင်မရှိဖို့ပဲ လိုတာ"

တစ်ညနေလုံး ဈေးရောင်းထားလို့ အားလျော့နေတဲ့ စန္ဒာဇော်ဝင်းဆီက မျက်စောင်းကြမ်းကြမ်းတစ်ခု ဒိန်းခနဲလွင့်ထွက်လာ၏။ ကျွန်တော့်ကို ကူပေးဖို့လာခေါ်တုန်းက အမူအရာနဲ့တခြားစီ။

အထိခိုက်မခံတဲ့ပစ္စည်းတွေကို အရင်သိမ်းဖို့ EC ကားရပ်ထားတဲ့ parking ဘက်ကိုအရင်ပြေးရသည်။ EC အပြင် အခန်းထဲက ဘော်ဒါသုံးယောက်လည်းရှိနေတာမို့ ခုံတွေပြန်သိမ်းဖို့ လူအင်အားတောင့်သွား၏။

"မင်း ဒီမှာနေခဲ့။ ပြန်လာခေါ်မယ်။ မကြာဘူး"

နဖူးကချွေးစက်တွေကို လက်ခုံနဲ့ဖိသုတ်ပြီးမှ  ကျွန်တော့်ကိုခေါင်းညိတ်ပြသည်။ ဆင်ကြယ်တစ်ယောက် စန္ဒာဇော်ဝင်းနားနေပြီး ခြေကုန်လက်ပန်းကျသွားပုံရသည်။

"ဟဲလို ကိုထွဋ်"

စတိုထဲပစ္စည်းတွေထည့်နေတုန်း ကိုထွဋ်ဆီကဖုန်းဝင်လာသည်။ အတန်းဖော် နှစ်ယောက်က သူတို့ဆက်လုပ်လိုက်မယ်ဆိုတာမျိုး အမူအရာပြ၏။ စတိုထဲကထွက်လိုက်တော့ အပြင်ဝန်းကျင်ရဲ့ လေထုက အေးမြစိုထိုင်းနေသည်။ အင်္ကျီကို ရင်ဘတ်ကနေ ဆွဲစုပ်ကိုင်ပြီး ခန္ဓာကိုယ်ကအပူတွေလွင့်အောင် ခါလိုက်မိသည်။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now