About MaHniYatWun

36.2K 3.3K 724
                                    

1) အပိုင်း (၁၀) မှာ ဇာမဏိ ပထမဆုံးဝယ်တိုက်တဲ့ ဘာဘယ်တီးဘူး​​အောက်​ခြေကို အ​ပေါက်​လေး​တွေ​​ဖောက်ပြီး ရပ်ဝန်း​နေ​သော်တစ်​ယောက် Cactus ပင်​လေးတစ်ပင်စစိုက်ခဲ့ပါတယ်။ ​နောက်ပိုင်း ဇာမဏိ ဘာဘယ်တီးဝယ်တိုက်တိုင်း ဘူးခွံ​တွေ​ဆေးပြီး မတူညီတဲ့ Cactus အမျိုးအစား​​တွေစိုက်ခဲ့တာ စုစု​ပေါင်း ဆယ်ပင်တိတိရှိပါတယ်။

2) အပိုင်း(၁၁) မှာ ​ဖိနပ်သစ်​ကြောင့် ​ခြေ​ထောက်​ပေါက်ရင်စီးဖို့ ရပ်ဝန်း​နေ​သော်​ပေးခဲ့တဲ့ စ​တေကာထဲက ဝက်ရုပ်စ​တေကာ​လေးကို ပိုက်ဆံအိတ်​တွေဘယ်​လောက်​ပြောင်း​ပြောင်း ဇာမဏိတစ်​ယောက် အမြဲထည့်သိမ်းထားခဲ့ပါတယ်။

3) အပိုင်း(၁၁) မှာဖြစ်ခဲ့တဲ့ အထင်လွဲမှုကြောင့် ဇာမဏိတစ်​ယောက် အဲ့​နောက်ပိုင်း​ကစပြီး ရပ်ဝန်း​နေ​သော်ဆီ ph sms သာပို့ပါ​တော့တယ်။

4) ဇာမဏိနဲ့ ရပ်ဝန်း​နေ​သော်တို့ရဲ့ FB profile photo က ရပ်ဝန်း​နေ​သော် ဘွဲ့ယူတုန်းက ဇာမဏိ​ကျောပိုးထားတဲ့ပုံဖြစ်ပါတယ်။

5) ရပ်ဝန်း​နေ​သော်ကို messenger မှာ အီစီကလီအထာလာ​ပေးစကား​ပြောကြတဲ့သူ​တွေကို ဇာမဏိက ဒိုင်ခံဘ​လော့​​​လေ့ရှိတတ်ပါတယ်။ (မှတ်ချက်_ ရပ်ဝန်း​နေ​သော် မသိပါ) :3

6) ဇာမဏိက တကယ်ပဲ Lipo အစား Carabao Energy Drink ပဲ ရပ်ဝန်း​နေ​သော်ကို ​ပြောင်းတိုက်ခဲ့ပါတယ်။

7) ရပ်ဝန်း​နေ​သော်တစ်​ယောက် နှစ်​ယောက်အတူတူ​နေမယ့်အိမ်ကို​​ပြောင်းတဲ့အချိန်
ဇာမဏိဝယ်​ပေးထားတဲ့ အလှ​မွေးငါးကန်ကို ယူသွားခဲ့ပါတယ်။ တူ​လေး လင်းလွန်းလျှံ​သော် ဝမ်းနည်းပက်လက်ငိုယိုတားခဲ့​ပေမယ့် မျက်​တောင်တစ်ချက်မခတ်ဘဲ ယူသွားခဲ့တာပါ။ ရပ်ဝန်း​နေ​သော်ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မိသားစုဝင်အငယ်ကို အ​လျှော့မ​ပေး မလိုက်​လျောခြင်းပဲ ဖြစ်ပါတယ်။

8) ဇာမဏိဘွဲ့ယူမယ့်အချိန် အိုဆာကာ​ရောက်​နေတဲ့ ရပ်ဝန်း​နေ​သော်ရဲ့ စာ​​မေးပွဲနဲ့တိုက်​နေတဲ့အတွက် ဇာမဏိတစ်​ယောက် Graduation Ceremony မတက်ခဲ့ပါဘူး။ ​လေးနှစ်လုံး MMU Roll.1 အဖြစ် ဗိုလ်စွဲခဲ့သူမို့ ​ကျောင်းသား​ကျောင်းသူ​တွေကြား ​ပြောစမှတ်ဖြစ်ခဲ့ပါတယ်။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now