Epi_29

38.3K 4.2K 1K
                                    

"​နောက်လည်း လာလည်​နော်။ ဘယ်မှလည်းလိုက်မပို့ရ။ ဖွယ်ဖွယ်ရာရာလည်း ချက်မ​ကျွေးနိုင်လိုက်ဘူး"

"မဟုတ်တာ။ ကျွန်​တော်က တကူးတကကြီး​ လူကြီး​တွေကို​နှောင့်ယှက်မိသလိုဖြစ်လို့​တောင် အားနာ​နေတာပါ"

"အခု​တော့ ရပ်​ဆွေရပ်မျိုးဖြစ်ပြီပဲ။ အားနာရမယ့်လူ​တွေမဟုတ်​တော့ဘူး။ ကို​ငယ့်ကိုလည်း ​စောင့််​ရှောက်​ပေးပါဦး​နော်။ သူက ​ပေါင်းသင်းဆက်ဆံ​ရေးညံ့တယ်"

ဇာမဏိ ကိုလတ်တို့လင်မယားက ဒီ​နေ့နံနက်စာဝိုင်းမှာ တူယှဥ်တွဲလို့ ဧည့်ခံကြသည်။ မရီးအလတ်က ရန်ကုန်သူမို့ ​လေယူ​လေသိမ်းက သွက်လက်၏။ တစ်ပတ်လျှိုဆံထိုးမှာ ​ဝေ​နေတဲ့စံပယ်​တွေနဲ့ သနပ်ခါးပါးကွက်ကြားရဲ့သင်းပျံ့ပျံ့ရနံ့တို့​ကြောင့် ရန်ကုန်သူရဲ့ဟန်ပန် မရှိ​တော့။ ပြန်မယ့်​နေ့ကျမှပဲ ကျွန်​တော့်မှာ ထမင်းဝိုင်း​သေချာထိုင်ဖြစ်တဲ့အတွက် မျက်နှာလည်းပူရ၏။ ဇာမဏိမိဘ​နှစ်ပါးနဲ့ကိုကြီးတို့လင်မယားက ကျွန်​တော်တို့မနိုးခင်တည်းက အလှူပွဲစီစဥ်ရဖို့ရှိတာမို့ အရုဏ်ဦးတည်းက ထွက်သွားကြသည်။ ကျွန်​တော့်မှာ မျက်နှာချင်းဆိုင်ပြီး​တောင် ​ကျေးဇူးတင်စကားမဆိုလိုက်ရ။

​ကောက်ညှင်း​ပေါင်းပူပူနဲ့ တို့ဖူး​ကြော် လက်ဖက်ရည်အတွဲအဖက်က ​ဆောင်းမနက်ခင်းနဲ့ ပနံသင့်​နေခဲ့၏။

"ရန်ကုန်​ရောက်ရင် ကျွန်​တော် ဧည့်ခံပါရ​စေ"

"ရန်ကုန်က​တော့ လာဦးမှာ ​မောင်​လေး။ ကိုလတ် Scania ​တွေလာကြည့်ရမှာ"

ကျွန်​တော့်နားထဲရှုပ်​ထွေးသွား၏။ Scania ဆိုတာ အ​ဝေး​ပြေးခရီးသွားကား​တွေမလား။ ကျွန်​တော့်ပုံစံကိုကြည့်ပြီး ကိုလတ်အမျိုးသမီးက နားလည်မှုနဲ့ပြုံးသည်။

"​မောင်​လေးတို့စီးလာတဲ့ ​ခရီးသွားကား​တွေက ကိုလတ်လုပ်ငန်း​တွေ​လေ"

ကြွား​နေတာမျိုးမဟုတ်။ ကျွန်​တော်နားမလည်လိုက်သည့်အပိုင်းကို ရှင်းပြခြင်းမျိုးဖြင့် မျက်နှာအမူအရာတို့က ရိုးရှင်းကြသည်။

"အဲ့ဒါ အစီး​ရေထပ်တိုးဖို့လုပ်ထားဖို့ စီစဥ်ထားတာ​တွေလာလုပ်ရမှာ"

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now