Epi_30

45K 4.3K 1.5K
                                    

"သားကြီးတို့ ငါ ဘာရလာလဲသိလား"

Ward ထဲဝင်လာတဲ့ ဖြိုး​လေးမျက်နှာက မှိုရတာထက်ရွှင်​နေသည်။

"​ယောက်ျားရလာလို့လား"

"မ​စော်ကားနဲ့ အရိုင်းစိုင်း!"

ရဲဘုန်းက​ထောက်​တော့ ဖြိုး​လေးက​ လက်သီးလက်​မောင်းတန်းပြီး အော်သည်။

"ဘာရလာတယ်ဆိုတာပဲ အရင်​ပြောကြည့်ပါဦး"

"ဒီမှာ​လေ ဒီမှာကြည့်"

ဖြိုး​လေးမြူး​နေသ​လောက် ကျွန်​တော်တစ်ချက်ကြည့်ပြီး report ​တွေဆက်​ရေး​နေလိုက်သည်။

"EDM King ကြီးက ရင်​တောင်မခုန်ဘူး​ပေါ့​လေ။ ဒါ ရိုးရိုးလက်မှတ်မဟုတ်ဘူး​နော် new year countdown ပွဲကိုမှ VIP တန်း စပွန်ဆာရလာတာ"

(EDM _ Electric Dance Music)

ဖြိုး​လေးက လက်မှတ်​တွေကို ကျွန်​တော့်မျက်နှာ​ရှေ့ ယမ်းခါပြ​၏။ December 31 မှာလုပ်မယ့် 808 EDM ပွဲ။ အရင်က​တော့ EDM ပွဲဆို လက်မှတ်ဝယ်တဲ့အချိန်ကစပြီး မလွတ်တမ်း အား​ပေးကြမ်းခဲ့တဲ့ ​ကျွန်​တော့်ကို အတွင်းသိအဆင်းသိ​တွေက EDM King ဆိုပြီး​စ​နောက်တတ်ကြသည်။ အခု​တော့ လက်မှတ်​တွေ ကျွန်​တော့်မျက်စိ​ရှေ့ ​ဝေ့ဝဲ​နေတာ​တောင် ကျွန်​တော် မလှုပ်မယှက်နဲ့မို့ ရဲဘုန်းပင် စူးစူးစမ်းစမ်းဖြစ်သွားသည်။

"​မင်းအကြိုက်ဆုံးပွဲမလား ​နေ​သော်။ တခြားလုပ်စရာရှိလို့လား"

"မရှိပါဘူး။ ဒီအတိုင်းပဲ ငါ စိတ်မပါလို့"

"ဟာ! စိတ်မပါလို့ မရဘူး​နော်။ ဒါ မင်းရဲ့အီစီက​လီ​ကောင်ငယ်​လေး ဝယ်ခိုင်းထားလို့ ငါ့မှာ အသည်းအသန်ပြန်ရှာဝယ်ထားရတာ"

"ဇာမဏိ ဝယ်ခိုင်းတာလား"

ကျွန်​တော့်လက်ထဲရှိ​နေတဲ့ ​ဘောပင်က စားပွဲ​ပေါ်လိမ့်ဆင်းသွား၏။

"​အေး​လေ။ ဘယ်သူရှိ​သေးလို့လဲ။ အခုရက်​တွေ အစ်ကိုအရမ်းပင်ပန်း​နေတာ တစ်ခုခုလုပ်​ပေးချင်တယ် အစ်ကိုက ဘာကြိုက်တတ်လဲ​မေးလို့​လေ။ EDM ပွဲကြိုက်တယ်ဆို​တော့ သူမသိတာနဲ့ ငါပဲအကုန်ရှင်းပြ ပြီးလည်းပြီး​ရော လက်မှတ်တန်းဝယ်ခိုင်း​တော့တာပဲ။ ငါနဲ့ရဲဘုန်းအတွက်ပါ ​လေး​ယောက်စာ"

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now