Epi_31

41.3K 4.2K 579
                                    

"မငိုပါနဲ့ဟာ။ နင်ငို​တော့ ငါပါဝမ်းနည်းလာပြီ"

ပန်ကာလက်တံ​တွေရဲ့ တဖျတ်ဖျတ်ခတ်သံနဲ့အတူ ထွက်​ပေါ်​နေတဲ့ ရှိုက်သံတိုးတိုး။ အခန်း​ထောင့်စားပွဲမှာထိုင်​​နေတဲ့ရဲဘုန်းက ငြိမ်သက်ရင်း ​သူ့​ရှေ့ကမြင်ကွင်းကိုကြည့်​နေသည်။ အသံတိုးတိုးနဲ့ မျက်ရည်​တွေ​တွေကျ​နေတဲ့ စန္ဒာ​ဇော်ဝင်း​​ဘေးမှာ​တော့ ဖြိုး​လေးကမျက်စိမျက်နှာပျက်​နေ၏။ ဖြိုး​လေးလက်​တွေက စန္ဒာ​ဇော်ဝင်းမျက်နှာကို ထိဖို့မရဲစွာနဲ့ ကို့ရိုးကားယား။

ရဲဘုန်းက ကျွန်​တော့်ကိုမြင်​တော့ လက်မ​အောက်စိုက်ပြသည်။ ကျွန်​တော် အသံမထွက်ဘဲ ရဲဘုန်း​ဘေးဝင်ထိုင်လိုက်၏။ house ဆင်းမှ ခုံနံပါတ်​ရှေ့ဆင့်​နောက်ဆင့်ဖြစ်​နေတဲ့ စန္ဒာ​ဇော်ဝင်းက ကျွန်​တော်တို့သုံး​​ယောက်နဲ့တတွဲတွဲဖြစ်ချိန်ပိုများလာသည်။ ဒီ​နေ့ဆို ဖြိုး​လေးနဲ့ စန္ဒာ​ဇော်ဝင်း night duty။ ကျွန်​တော်နဲ့ ရဲဘုန်း off။

"၅နှစ်ဟ။ ၅နှစ်ဆိုတဲ့အချိန်က မလုံ​လောက်ခဲ့တာလား။ ငါ့မှာ သူပဲရှိတာ သူသိရဲ့သားနဲ့"

စန္ဒာ​ဇော်ဝင်းအသံက အား​ဖျော့လွန်း​နေသည်။ စိတ်ဆိုး​ဒေါသဖြစ်တာမဟုတ်ဘဲ နှ​မြောတသယူကျုံးမရပုံစံ။

"နင့်မှာဘာလို့သူပဲရှိမှာလဲ။ ငါရှိတယ်။ ငါတင်မဟုတ်ဘူး။ ရဲဘုန်း​ရော ​နေ​သော်​ရော။ ငါတို့ရှိတယ်။ တန်ဖိုးမသိတဲ့​ကောင် နင် မယူခင် လမ်းခွဲလိုက်ရတာပဲ ​ကောင်းတယ်"

ဖြိုး​လေးက တစ်ရှူးတစ်စဆွဲပြီး မျက်ရည်​တွေထဲနစ်​နေတဲ့ စန္ဒာ​ဇော်ဝင်းမျက်နှာ​ပေါ် ဖိဖိဖွဖွလှမ်းသုတ်​ပေးသည်။ ကျွန်​တော်နဲ့ရဲဘုန်း မျက်ခုံး​တွေမြင့်တက်သွားပြီး အကြည့်ချင်းဆုံမိကြ၏။ ဒီရက်​တွေထဲ စန္ဒာ​ဇော်ဝင်းရည်းစားက ​နောက်တစ်​ယောက်ပဲရသလိုလို သတင်းသဲ့သဲ့ကြားမိ​ပေမယ့် အခု​တော့ တကယ်ပဲအကွဲအပြဲနဲ့အဆုံးသတ်ဇာတ်သိမ်းသွားပုံရသည်။ ကိုယ့်သူငယ်ချင်းမျက်ရည်ကျတာမြင်​တော့ ကျွန်​တော့်ရင်ထဲလည်းနွမ်းသွားသည်။

စန္ဒာ​ဇော်ဝင်းတစ်​ယောက် လက်​ကောက်ဝတ်က အသည်းပုံတက်တူးငယ်ကိုပွတ်သပ်ငုံ့ကြည့်၏။ အပြုံး​တွေက ဒဏ်ရာ​တွေ​ကြောင့် ပြိုလဲ​နေကြသည်။ ​ဝေဒနာ​ကြောင့် ဝိုင်းစက်စက်မျက်ဝန်း​တွေအ​ရောင်​ဖျော့​နေ၏။ နှုတ်လမ်းလှလှတို့လည်း အရင်လိုဖူးသစ်မ​နေ။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now