Epi_33

41.2K 4.2K 1K
                                    

🔆⭕နာမည်​တွေမှာ အာနိသင်ရှိတယ်လို့ ဆုက အယူနည်းနည်းသီးတယ်။ ဇာမဏိနာမည်ကို သူ့ကာရိုက်တာ လူ့ဂွစာပုံစံနဲ့လည်းလိုက်ရမယ် ​ရပ်ဝန်း​နေ​သော်ရဲ့တစ်ခြမ်းကိုဖြည့်ပေးနိုင်​လောက်​အောင် ​နွေး​ထွေးတဲ့ပုံစံလည်းရှိရမယ့် ✔✔ဇာမဏိ✔✔ လို့​ပေးထားတာ။ ဆံခတ်မပါတဲ့ ✔✔ဇာမဏိ✔✔ အသံက​နောက်ဆုံး "ဏိ" မှာ ပြန်မြင့်တက်သွားတာပါ။

ဆံခတ်ပါတဲ့ ❌❌ဇာမဏီ❌❌ အသံထွက်က အသံထွက်တန်းပါတယ်။

ဒါ့​ကြောင့် ✔✔ဇာမဏိ✔✔ဆိုတဲ့​ကောင်​လေးရဲ့ နာမည်အာနိသင် ​ပြောင်းမသွား​အောင် သတိထား​ပေးဖို့ ဆုက အနူးအညွတ်​မေတ္တာရပ်ခံပါတယ်။ နာမည်ကိုစာလုံး​ပေါင်းမှား​နေတာမြင်ရင် ရပ်ဝန်း​နေ​သော်​ကောင်​လေးကို ​ပြော​နေတယ်လို့မထင်လို့ စာဖတ်သူတို့ကပဲ ဒီ​ကောင်မ​လေးရဲ့အယူသီးမှုကို နားလည်ခွင့်လွှတ်ပါရမီဖြည့်​ပေးကြပါဗျာ♥️♥️♥️

🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆

"​ပေါင်ဒါနံ့​တွေစွဲ​နေရ​အောင် အစ်ကိုက က​လေး​လေးလားဟင် အစ်ကိုရဲ့"

အိမ်ကမထွက်ခင် သားသားကို​ပေါင်ဒါလိမ်း​​ပေးပြီး ချီပိုးခဲ့တဲ့ ကျွန်​တော့်ကိုယ်​ပေါ်မှာ က​လေး​ပေါင်ဒါနံ့​တွေကပ်ငြိကျန်​နေခဲ့ပုံရသည်။ ဒါကိုပဲ သူ့မှာ ကျွန်​တော့်လက်ဖျံ​တွေကို တတိတိကိုက်လိုက် သားသားပါးနဲ့ပွတ်တိုက်မိခဲ့တဲ့ ကျွန်​တော့်ပါးကို နှုတ်​ခေါင်းနဲ့တိုးတိုက်လိုက်။ သူ့မျက်ဝန်း​တွေထဲ က​လေး​ပေါင်ဒါနံ့ထွက်​နေတဲ့ ကျွန်​တော့်ကိုအသည်းတယားယားဖြစ်​နေတာ သိသာလွန်း၏။

"ချစ်တယ် အစ်ကိုရဲ့"

ကျွန်​တော့်ကို ကား​နောက်ဖုံး​ပေါ်တင်ထားပြီး သူကမတ်တပ်ရပ်အ​နေအထားနဲ့မျက်နှာချင်းဆိုင်​နေသည့်အတိုင်း ကျွန်​တော့်ခါး​က​နေ တင်းကြပ်​နေ​အောင်ဆွဲဖက်ပြန်သည်။ ကျွန်​တော့်ရင်ခွင်ထဲဝင်လာသူရဲ့ ဆံပင်တိုတို​လေး​တွေကို မြတ်မြတ်နိုးနိုးငုံ့နမ်းမိ၏။ သူနဲ့အတူရှိခွင့်ရသည့် ​နောက်ထပ်​ဆောင်းရာသီတစ်ခု။

လမင်းနဲ့ ​ဆောင်းအ​အေးထုက သန်း​ခေါင်ယံကိုအပိုင်သိမ်းဖို့ စီးချင်းထိုး​နေကြ၏။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now