Epi_3

39.8K 4.6K 474
                                    

"ဇာမဏိ!"

အနားရောက်လာတဲ့ ကောင်လေးနဲ့ကောင်မလေးကို ကျွန်တော် ဒီအတိုင်းကြောင်ငေးကြည့်နေမိသည်။ မနေ့က ကျွန်တော်နဲ့ငြိကြတော့ ပထမဆုံးတောင်းပန်စကားပြောတဲ့ကောင်လေးက ခုံပေါ်ကလူကိုဆွဲထူသည်။

"ဒုက္ခပဲ ဘယ်လိုလုပ်ကြမယ် မြတ်ကျော်"

"သူက ဘာဖြစ်တာလဲ"

ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတဲ့ကောင်မလေးကို ဦးတည်ပြီး မေးရသည်။

"ကားမူးတာ အစ်ကို။ သူက ကားမူးတတ်တာ။ သူ့ကိုကျောင်းတက်ခိုင်းဖို့ထိ စိတ်မချလို့ အဆောင်းတို့ကျောင်းခေါ်လာကာမှ။ ဒုက္ခပါပဲ။ ဇာမဏိ အရမ်းမူးနေသေးလား။ ဆေးယူလာတယ်။ ဒါလေးတော့ ထသောက်လိုက်ဟာ နော်"

ဒီလောက်ဖြူဖျော့ပြီး မျက်လုံးတောင်မဖွင့်နိုင်ပုံမျိုးနဲ့ အမူးပြေဆေးဘယ်တိုးလိမ့်မလဲ။

"ဆေးထိုးလိုက်ရင် ပိုသက်သာလိမ့်မယ်။ သူ့ကိုတွဲလိုက်"

မြတ်ကျော်နဲ့အဆောင်းဆိုတဲ့နှစ်ယောက်က မတ်တပ်ရပ်လိုက်တဲ့ ကျွန်တော့်ကိုမော်ကြည့်သည်။

"အစ်ကိုက...မနေ့ညတုန်းက..."

လေးထောင့်မျက်မှန်ကိုတစ်ချက်ပင့်တင်ပြီး မြတ်ကျော်က ကျွန်တော့်ကိုကြည့်နေသည်။

"မင်းတို့က first year မလား။ ကိုယ်က final က။ မင်းတို့သူငယ်ချင်းအခြေအနေမကောင်းဘူး။ clinic ထဲတွဲလိုက်။ ဆေးထိုးရအောင်"

ရွယ်တူတွေသာဆိုကြသည်။ အလုံးအရပ်အတော်အတန်ကွာကြပုံမျိုးနဲ့ မူးနေတဲ့ကောင်ကိုဆွဲကြတာ ကျွန်တော် ဆွဲဆောင့်ခေါ်သလောက်တောင် မကြွလာ။ မြတ်ကျော်နဲ့အဆောင်းဆိုတဲ့နှစ်ယောက်က ကျွန်တော့်ပုခုံးသာသာ လူသေးကွေးလေးတွေ။ အဆောင်းဆိုတဲ့ကောင်မလေးကလည်း ကျွန်တော်မရင်းနှီးတဲ့လေသံမျိုးနဲ့ ဒီနေရာကိုဘယ်လိုရောက်လာတာလဲဆိုတာမျိုး မူးနေတဲ့ကောင်ကိုမှ မေးမြန်းထူနေသည်။ ကျွန်တော့်မှာ ရှေ့ကိုခြေလှမ်းဖို့ပြင်ပြီးမှ နောက်ကိုပြန်လှည့်ပြီး အသိစိတ်လွတ်ချင်နေတဲ့ကောင်ကို ကျောပေါ်ထမ်းတင်လိုက်ရသည်။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now