Epi_36

55K 4.3K 585
                                    

"မနက်ဖြန် ၇ခွဲ​လောက် လာ​ခေါ်မယ်။ Oriental House မှာ မနက်စာ လိုက်​ကျွေးမယ်။ မစားထားနဲ့"

"​အေးပါ"

ရဲဘုန်းက​တော့ ကျွန်​တော်တို့ရဲ့ပထမဆုံး ဖက်စပ်​ခြေလှမ်းအတွက်တက်ကြွ​နေသည်။ ​မွေးရပ်​မြေနဲ့ ငါးနှစ်တာခွဲခွာခဲ့ရတဲ့ ကျွန်​တော့်ကို ဒီရက်​တွေ ရဲဘုန်းကပဲ အကြိုအပို့လုပ်​ပေး​နေရသည်။ ပြန်​ရောက်တာ တစ်လ​ကျော်လာ​ပေမယ့် သူငယ်ချင်း​တွေ လာ​ခေါ်တာမှ မဟုတ်ရင်လည်း အပြင်မထွက်ဖြစ်။ ရဲဘုန်းကား​ အိမ်ရာဝင်းထဲက ထွက်သွား​ပေမယ့် အိမ်​ပေါ်မတက်ဖြစ်​သေး။

အိမ်ရာဝင်းထိပ်ရှိ ပိ​တောက်ပင်က ​အောက်တိုဘာရဲ့အကြွင်းအကျန်မိုး​ရေစက်တို့​ကြောင့် အရွက်ဖားဖားတို့က အ​ရောင်တင်ခံထားရသလို စိမ်းစို​နေသည်။ လင်းထိန်​နေသည့် လမ်းမီးတိုင်တို့​အောက်မှာ ငြိမ်သက်​နေသည့် အဖြူ​ရောင်အုတ်ခုံ။ ​အမှတ်တရ​တွေရဲ့ညို့ငင်မှုနဲ့ ကျွန်​တော်က အိမ်ထဲဝင်ဖို့ အ​လောတကြီးဖြစ်မ​နေ။

ဝင်​ပေါက်က​နေ လှမ်းမြင်​နေရတဲ့ ကျွန်​တော်တို့တိုက်ရဲ့​လှေကားထစ်​အ​ခြေ။ အတွင်းပိုင်း​မှောင်ရိပ်ကျ​နေ​ပေမယ့် ကျွန်​တော့်မှတ်ဥာဏ်အကန့်ထဲက ဖလင်​တွေထဲမှာ​တော့ သူ့အကြင်နာ​တွေကို ရှင်းလင်း​နေ​အောင် မြင်ရ၏။ စီတန်းရပ်ထားသည့် ကား​တွေကို​ကျော်ဖြတ်ဖို့ မရဲစွာဘဲ ကျွန်​တော့်​ခြေလှမ်း​တွေ​နေရာကမ​ရွေ့နိုင်။ ကား​နောက်ခန်းထဲလွင့်ပျံ့ခုန်​ပေါက်ခဲ့ကြသည့် ရယ်သံ​တွေ၊ ဂစ်တာတစ်လက်၊ အနမ်းချိုချို၊ ရှက်ရွံ့​နေတဲ့လမင်း...ဒိုင်ယာရီထဲက ထွက်ကျလာသည့် အမှတ်တရစာမျက်နှာ​တွေ။

ဒီနှစ်​တွေကို သူ ဘယ်​​လောက်​တောင် ခဲခဲယဥ်းယဥ်း​ကျော်ဖြတ်ခဲ့ရမလဲ ကျွန်​တော် နားလည်လာသလိုပင်။ ဂျပန်​မြေမှာ ကျွန်​တော်​ပြေးလွှား​နေရတဲ့အချိန် ကျွန်​တော့်အ​ငွေ့အသက်​တွေကျန်ရစ်ခဲ့တဲ့ ဒီ​နေရာ၊ ဒီလမ်း​တွေကို သူဘယ်လိုများ အသားကျ​အောင်​နေခဲ့သလဲ။ သူမရှိတဲ့ ကျွန်​တော့်ပြည်​တော်ပြန်ခရီးက သူ့အ​ငွေ့အသက်အပြည့်တည်ရာ ဒီ​နေရာမှာ အလွမ်း​တွေပိုသည်းဖို့သာဖြစ်​နေ​​စေ၏။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now