Epi_23

36.1K 4.1K 722
                                    

"လမ်းမကြီးအတိုင်းမသွားဘဲ ဖြတ်လမ်းကသွားလိုက် ဖြိုး​လေး!"

"​နေ​သော် စိတ်​လျှော့ ဘာမှမဖြစ်​လောက်ပါဘူး။ ဇာမဏိတို့လည်းရှိတယ်မလား"

"ဇာမဏိရှိလည်း ဇော်ထက်ကို စိတ်မချဘူး"

"ဘယ်လိုဖြစ်ပြီး club ထိရောက်သွားကြတာလဲ"

ဖြိုး​လေး​က ကား​မောင်းရင်းလှည့်​မေးလာ၏။ ​

"အဖွဲ့​ကောင်းလို့​နေမှာ​ပေါ့။ ဘရဏီအသံက ဘယ်လို​နေလဲ ​နေ​သော်"

ရဲဘုန်းက ​နောက်ခန်းမှာထိုင်​နေရင်း ကျွန်​တော်နဲ့ဖြိုး​လေးကြားထဲ ​ခေါင်းတိုးလာသည်။

"Club မှာ​ရောက်​နေတာ။ ​ဇော်ထက်တို့နဲ့ ​တခြားတစ်ဖွဲ့ရန်ဖြစ်​တော့မယ်ထင်လို့ ငါ့ကို လိုက်လာ​ပေးလို့ရမလားပဲ​ပြောတယ်"

"အ​ခြေအ​နေက အဆိုးကြီး​တော့မဟုတ်​လောက်ပါဘူး"

ရဲဘုန်း​က နှစ်သိမ့်မှု​ပေး​ပေမယ့် ကျွန်​တော်ရတက်မ​အေးနိုင်​သေး။ ရုံးဆင်းချိန်မတိုင်​သေး၍ ဗဟန်း(၃)လမ်းက ရှင်းလင်း​နေသည်။ ကြယ်သီးပြည့်တပ်ထားတဲ့ရှပ်​ကော်လံကို ရင်ဘတ်နားထိဖြုတ်ပစ်လိုက်မှ အသက်ရှူ​ချောင်သည်။ အင်္ကျီလက်ဖျား​တွေကို တံ​တောင်ဆစ်ထိ​ခေါက်တင်ပြီး​နောက်​တော့ စိတ်ကလွတ်လပ်​ပေါ့ပါးသွား၏။ ဖြိုး​လေးကား​မောင်းနှုန်းနဲ့ Club ထိ​ရောက်ဖို့ ၁၅ မိနစ်သာကြာလိုက်သည်။ ရှိရှိသမျှ club အကုန် member ဝင်ထားတဲ့ဖြိုး​လေးက ဒီ​နေရာ​တော့အားကိုးရ၏။ ​ရွှေ​ရောင်လက်​နေတဲ့ member card ကိုမြင်တာနဲ့ ကာစီးထားသမျှအရံအတားအကုန်လုံး ပွင့်သည်။ ​ခြံ​ထောင့်က ကံ့​ကော်ပင်​​အောက်မှာ ​ဇော်ထက်ကားကို​တွေ့ရသည်။

မီး​ရောင်မှိန်မှိန်နဲ့​လျှောက်လမ်းရှည်ကိုဖြတ်လိုက်တယ်ဆိုရင်ပဲ ဂီတသံအစား မသဲမကွဲစကားသံအချို့ကိုကြား​နေရပြီ။ ကျွန်​တော်တို့သူငယ်ချင်းသုံး​ယောက်တစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်မိကြ၏။ ​ခြေလှမ်း​တွေကိုအရှိန်တင်လိုက်တာနဲ့ စက်ဝိုင််းပုံ Dance Floor ကိုတန်း​ရောက်သွားသည်။ လည်​နေတဲ့မီး​ရောင်တဖျတ်ဖျတ်​အောက်မှာ လူ​တွေဝိုင်းအုံ​နေကြသည်။ ဂီတသံကင်းမဲ့​နေတဲ့ Club အတွင်းပိုင်း​ရောက်မှ ဆူညံသံ​တွေကို ထင်ထင်ရှားရှားကြားရ​တော့သည်။ အရှိန်ပြင်းပြင်းထိခိုက်မိ​နေကြသည့်အသံ​တွေ။ Club ထဲ​ပြေးဝင်လာတဲ့ ကျွန်​တော်တို့​ခြေသံ​တွေ​ကြောင့် လူအုပ်က ကျွန်​တော်တို့ဘက်လှည့်လာသည်။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now