Chapter....6

19.5K 1.2K 50
                                    

မျက်စီအောက်ကအပျောက်မခံဘဲတစိမ့်စိမ့်ကြည့်ရင်းချစ်နေမိသည့်...ခမ်း
ဘယ်သူမဆိုရက်စက်တတ်ပြီးခပ်မဲ့မဲ့သာအမြဲပြုံးတတ်သည်ခမ်းကတော့..ကလေးကြောင့်အမြတ်နိုးဆုံးပြုံးလာလေပြီ...။

သွေးစွန်းနေသည့်လက်ကြမ်းတွေက..ကလေးအတွက်အမွေးပွဝက်ဝံရုပ်လေးကိုအနူးညံဆုံးကိုင်တွယ်လာမိသည့်အထိ....

"Boss...စုံစမ်းခိုင်းတာတွေသိလာပါပြီ.."

သူရကိုခေါင်းတချက်ငြိမ့်ပြလိုက်ပြီးသူရကမ်းပေးလာသည့်စာရွက်စာတမ်းများအားကြည့်လိုက်လေသည်..။

"ကလေးက...ကလေးတယောက်ရဲ့ဖွံဖြိုးမူအသိ
ဉာဏ်နဲ့ဘဲရှိနေခဲ့တာပေါ့...ပြီးတော့တခြားသူတွေရဲ့စေခိုင်းမူကြောင့်သူက...."

"အဲ့ထဲကပါတဲ့အချက်တွေကအာ့ဒါအကုန်ပါဘဲBoss...ရှင်းသက်ပိုင်ရဲ့ငယ်ဘဝကိုတော့စုံစမ်းလို့မရခဲ့ဘူး....ရှင်းသက်ပိုင်ကိုခိုင်းစေတဲ့လူတွေကလည်းသူကိုမွေးစားထားတာလို့သိရတယ်..."

"တောက်...အာ့ကောင်တွေကိုအကုန်ရှာလာခဲ့.
ကလေးစိတ်ဘဲရှိတဲ့ငါ့ကလေးဘဝကိုမဖြူစင်အောင်လုပ်ကြတဲ့လူတွေအကုန်သေသင့်တယ်
ရအောင်ရှာလာခဲ့..."

ဒေါသထွက်၍မေးရိုးများဖြင့်ထောင်ထသည့်အထိဖြစ်နေသည့်ခမ်းရဲ့အမိန့်ကိုသူရလိုက်နာရန်
ခေါင်းငြိမ့်လိူက်ပြီးထွက်လာခဲ့လိုက်လေသည်..။

မရတော့ဘူး...ကလေးကိုအရမ်းတွေ့ချင်လာပြီ
ကလေးနဲ့ခနလေးခွဲရတာကိုတောင်သတိရလွန်းလို့ရူးမတတ်...။

"ကလေးရေ..ဦးပြန်လာပြီ..လာခဲ့တော့ကလေးအ
တွက်လက်ဆောင်ပါလာတယ်.."

ကုမ္မဏီကနေအလုပ်လုပ်နေရင်းကလေးကိုအရမ်းသတိရလာတာကြောင့်...အရေးကြီးတဲ့အစည်းအဝေးများကိုတောင်ဖျတ်၍အိမ်သို့အမြန်ပြန်လာ
လိုက်လေသည်...။

"ကလေးရယ်ဖြေးဖြေးလာပါကွာ...ချော်လဲသွား
ရင်ဦးရင်ကွဲရချည့်ရဲ့...ကလေးကိုထိခိုက်အောင်လုပ်တဲ့အရာမှန်သမျှ..ဦးကအကုန်ရှင်းလင်းပစ်မှာ.."

လက်ဆောင်ပါလာသည်ဆိုတဲ့စကားကြားသည်နှင့်အမောတကောအပေါ်ထပ်ကပြေးဆင်းလာသည့်ကလေး...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now