Chapter...29

9.9K 626 69
                                    

ရင်ခွင်ထဲငိုနေတဲ့သည်းသက်ကို ပွေ့ဖက်ထား
ပြီး သည်းသက်ရဲ့မျက်ရည်တွေကို တယုတ
ယဖြင့် သုတ်ပေးလိုက်ပြီး သွန်းနဒီဘက်ကို
လှည့်ကာ...

"မင်းကြောင့် ငါ့သည်းသက် ထမင်းစားပျက်
သွားပြီ..မင်းဘယ်လိုလျော်ပေးမလဲ..ဟမ်..
ငါ့မိန်းမထမင်းစားပျက်သလို မင်းကောဒီနေ့
လုံးဝထမင်းစားဖို့မပြင်နဲ့....အိမ်ကလူတွေအားလုံးကြည့်ထား...အဲ့မိန်းမကိုထမင်းလုံးဝ
မစားစေနဲ့...ငါမသိအောင်ကျွေးတဲ့သူရှိရင်လည်း ငါသေအောင်သတ်ပြမယ်..."

"သွန်းမှာဘာအပြစ်ရှိလို့လဲ...ပြီးတော့အဲ့ကောင်လေးကို...ကိုကိုခုနဘယ်လိုခေါ်လိုက်တာလဲ
မိန်းမဟုတ်လား...ကိုကိုနဲ့သူကလက်မထပ်ရ
သေးဘူးလေ...ပြီးတော့သူကယောကျ်ားလေး.."

"သည်းသက်ကငါ့မိန်းမဖြစ်နေပြီ...သည်းသက်ကိုငါလက်ထပ်တော့မှာ..ပြီးတော့ငါကသည်းသက်ကို ကလေးလေးတွေပါမွေးခိုင်းဦး
မှာ...မင်းတူတူမလေးတွေကိုထိန်းပေးမယ်
တော့စိတ်မကူးနဲ့နော်...မင်းလိုမိန်းမကိုရွံလို့..
ငါ့ကလေးတွေကို ယုတ်မာတာတွေမကူးစေ
ချင်ဘူး..."

ခပ်ထေ့ထေ့ပြောလိုက်ပြီး သည်းသက်ကိုပွေ့
ကာ...အိမ်ပေါ်သို့တတ်ခဲ့လိုက်လေသည်...။

အခန်းထဲတွင်တော့ သွန်းနဒီ ရဲ့သောင်းကျန်း
မူကြောင့် ပစ္စည်းတွေကဖရိုဖရဲ...။

"တောက်...အားးးမဖြစ်ရဘူး..အဲ့လိုဖြစ်လာ
မှာကို သွန်းက ငြိမ်နေပြီး ပျော်ပေးရမှာတဲ့
လား....ကိုကို့ကို သွန်းဘဲလက်ထပ်မှာ..ကိုကို
ကလည်း သွန်းကိုဘဲယူရမယ်...ကိုကိုရင်သွေး
လေးတွေကို သွန်းဘဲမွေးပေးရမှာ.....ဟုတ်
တယ်...ကိုကိုကသွန်းအပိုင်ဘဲ..သတ်ပစ်မယ်
ကိုကိုနဲ့သွန်းကြားမှာရှိနေတဲ့သူတွေအားလုံး
ကိုအရှင်မထားဘူး...."

ဆံပင်စုတ်ဖွားဖြင့်အရူးတစ်ယောက်လို အော်
ဟစ်နေတဲ့ သွန်းနဒီက စိတ်မနှံတဲ့သူတစ်ယောက်လိုပင်.....။

ငိုနေတဲ့ သည်းသက်ကိုချော့မော့ပြီး သူရကို
ဟိုတယ်ကအစားအစာတွေကိုမှာခိုင်းလိုက်ပြီး
သည်းသက်နဲ့အတူ စားလိုက်လေသည်..ဒါ
တောင်အဆိုးလေးက ရှိုက်သံလေးထွက်နေ
ပေမဲ့ ပါးစပ်လေးကပလုတ်ပလောင်းစားမ
ပျက်ပေ...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now