Chapter....37

10.5K 620 27
                                    

အခန်းထဲဝင်လိုက်သည်နှင့်အသက်သိပ်ကြိုက်တဲ့ အရုပ်လေးများဖြင့် ဆော့နေသည့်
ကျွန်တော်ရဲ့ မြတ်နိုးလှတဲ့ သည်းသက်ကဆီး
ကြိုနေလေသည်...။

မည်သူတွေက သည်းသက်ကိုညစ်နွမ်းသော
ခန္ဓာကိုယ်ပိုင်ရှင်ဟု ပြောကြပါစေ ကျွန်တော်
နဲ့ပတ်သက်မိတည်းက သည်းသက်ပတ်သက်
ခဲ့တဲ့သူ...တနည်းအားဖြင့် ပတ်သက်မိသော
သူက ခမ်းဆိုသည့်သူတစ်ယောက်တည်းမို့
သည်းသက်ကိုဘယ်သူတွေအပြစ်ပြောနေပါ
စေ ပိုပြောလေ သည်းသက်ကိုပိုချစ်ပြလေမို့
ကြားလေသွေးတဲ့စကားတွေက သည်းသက်
ရဲ့ ချစ်စဖွယ်အပြုံးလေးတွေအောက်မှာပင်
ကျရှုံးသွားရပေလိမ့်မည်...။

မျက်စီအောက်က ဖြူစင်လှတဲ့ကလေးငယ်ကို
တငေးတမော ငေးကြည့်ရင်း မြတ်နိုးမူတွေကို
ရင်ဝယ်ပိုက်လျက် ချစ်ခင်ကြင်နာသောမျက်
လုံးရွဲကြီးများဖြင့် ပြုံးလိုက်လေသည်...။

ထိုအပြုံးတွေဆိုတာလည်း သည်းသက်ရှေ့
မှာပင် ဖြစ်တည်လာတာမျိုး...အသက်နမ်းမှ
ပွင့်လန်းမဲ့ နှင်းပန်းပွင့်လေးတွေမျိုး...အသက်
ရှက်ပြုံးလေးနဲ့ ပြုံးပြလိုက်မှ ထွန်းလင်းလာ
မဲ့ ရောင်နီဦးလိုမျိုးပေါ့...။

"အသက်ရှုးရှုးတွေပေါက်ချထားပြန်ပြီလား
ကြည့်ပါဦး အဆိုးလေးက ရှုးရှုးပေါက်ချင်ရင်
ဦးကိုပြောလေ...နောက်ခါပြောရမယ်နော်.."

ရှုးရှုးတွေလိုထင်ရတဲ့ အရည်တွေကို ခမ်းပြာ
ပြာသလဲသုတ်လိုက်ပြီး အသက်ကို ပြန်ငေး
ကြည့်လိုက်လေသည်...အသက်ဆီက ပြန်လည် တုန့်ပြန့်သောစကားတွေပျောက်ဆုံး
နေပြီး ထိုအစား သူကိုမျက်လုံးဝိုင်းလေးများ
ဖြင့် ပြူးပြူးလေးပြန်ကြည့်နေလေသည်...။

အသက်က လူကြီးဖြစ်ချင်တာဟုအော်ငိုခဲ့တဲ့
အသက်က တမင်ပင်လုပ်ယူနေတာများလား
ဟုထင်ရအောင် ငြိမ်ချက်သားကောင်းနေသ
လို နားတွင်လည်း နားကြပ်ကိုတပ်လျက်
သီချင်းတပုဒ်ကိုနားထောင်နေဟန်...။

သူခန့်မှန်းရသလောက် အသက်ကအခုတစ်
လောမှာပင် သီချင်းတစ်ပုဒ်ကို ကြိမ်ဖန်များစွာ
နားထောင်နေဟန်ရှိလေသည်...ဘယ်အရာလဲ
ဆိုတာမပြောတတ်ပေမဲ့ အသက်အရမ်း
ကြိုက်နှစ်သက်ပေလိမ့်မည်...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now