Chapter...33

10.4K 627 28
                                    

ဒီFicလေးကကြမ်းတဲ့Ficလေးတစ်ပုဒ်ပါ
ဖတ်ချင်တဲ့စိတ်ဖြစ်မှဖတ်ပေးပါနော်
သာသာဒီficလေးရဲCoverခနခနပြောင်းလို့
စိတ်မငြိုငြင်ပါနဲ့ သာသာဒီFicလေးရဲCover
ကိုတကယ့်အကြိုက်တွေ့မဲ့ဟာလေးကိုမတွေ့
သေးလို့ပါ...😘

💞💞💞💞💞💞💞💕

အိမ်ပေါ်ထပ်ကနေ ဒုန်းဆိုင်းဆင်းလာပြီး ဒေါ
သရိပ်တွေပြည့်သိပ်နေတဲ့ ခမ်း...။အသက်ကို
အခန်းထဲ သော့ခတ်ပိတ်ထားခဲ့ပြီး အသက်
ငိုယိုကာ တံခါးဖွင့်ပေးရန်ထုရိုက်နေသော်
လည်း အခုသူစိတ်က လူသတ်ချင်တဲ့စိတ်က
ဖြစ်တည်နေသည်မို့ အသက်နဲ့သူရဲ့ကြားက
နှစ်ကိုယ်တည်းကိစ္စကတော့ နောက်မှသာရှင်း
ရပေလိမ့်မည်....။

"ဟိုမိန်းမယုတ်တွေကို ငါ့ရှေ့ခေါ်လာခဲ့ "

ခမ်းရဲ့ အမိန့်စကားကြောင့် အိမ်ပေါ်ထပ်က
သွန်းနဒီနဲ့ အိမ်စေမနှစ်ယောက်ကို ဆွဲခေါ်လာ
ကြလေသည်...အိမ်စေမနှစ်ယောက်ကတော့
အခုထိ သူတို့ကိုသွန်းနဒီက ကယ်ထုတ်ပေး
လိမ့်မည်ဟု ထင်နေသေးလေသည် ။ကိုယ့်
သေတွင်းသာကိုယ်တူးရမည်ဆိုသာ သူတို့မ
သိသေး...။

"ဖြောင်း...ဖြောင်း! "

အားပါပါနဲ့ရိုက်ချတဲ့ ရိုက်ချက်တွေကြောင့်
သွန်းနဒီ သူပါးကို ကိုင်လျက် ခမ်းကိုထွေထွေ
ကြီးကြည့်လိုက်လေသည် မျက်ရည်များကျ
နေလျက်...။

"ဒီကိစ္စမှာ သွန်းမပါခဲ့ဘူး သွန်းမပတ်သက်ခဲ့
တာကို ကိုကိုတပည့်တွေသက်သေရှိတယ်
ကိုကို့တပည့်တွေရဲ့ တင်းကျပ်မူကြောင့်သွန်း
အသက်အနားတောင်ကပ်လို့မရခဲ့ဘူး သွန်း
ခြံထဲမှာလမ်းဆင်းလျှောက်နေခဲ့တာဆိုတာ
မယုံရင် ကိုကို့တပည့်တွေမေးကြည့်ပါ သွန်း
မှာအပြစ်မရှိဘဲ ကိုကိုရိုက်ရက်တာလား "

"မင်းကိုမရိုက်ရက်ရအောင်မင်းကဘာကောင်
မမို့လို့လဲ ဟမ်
အပြစ်မရှိဘူးဟုတ်လား မင်းသာဒီကိစ္စကို
ကျော်သွားရင် ငါလက်ညောင်းခံပြီးမင်းကိုမ
ရိုက်ဘူး မင်းရဲ့ဒီလက်တွေက ငါ့ကလေးကို
နှိပ်စက်ဖို့လုပ်ခဲ့တာ မင်းရဲ့ပါးစပ်ကငါ့ကလေး
ကို ရိုက်နှက်ဖို့ အမိန့်ပေးခဲ့တာ ငါဒီလောက်
ရိုက်တာတောင်နည်းနေသေးတယ် မင်းအ
သက်မသေချင်ရင် မင်းအခန်းထဲပြန်ဝင် မင်း
သာငါ့အမေနှလုံးကိုမယူထားရင် ငါရိုက်သတ်
လို့မင်းသေနေပြီ "

ကကြိုးရုပ်[ Complete ]Where stories live. Discover now