Chapter....52

10.6K 651 72
                                    

လက်ထဲ၌ ကိုင်ထားတဲ့ ဓာတ်ပုံလေးထဲက
လူသားနှစ်ဦးအား ခပ်ထွေထွေလေးစူးစိုက်
လျက် မျက်တောင်မခတ်နိင်အောင်ငေးစိုက်
ကြည့်မိနေရင်း မျက်ဝန်းထဲကမျက်ရည်တွေ
ကဖောသီစွာ ကျဆင်းလာလေသည်။

အင်း....သိပ်ကိုလှပပေစွ။

သို့တနည်းတူ တစ်စုံတယောက်ရဲ့ဖြတ်သန်းခဲ့
တဲ့ဘဝတွေကိုလည်း သူသိလာရလေသည်။
အားငယ်ပြီး နာကျင်မူတွေနဲ့ပြည့်နေမဲ့ မနက်
မိုးလင်းမျက်လုံးအစုံဖွင့်တာနဲ့ ဖြည့်ဆည်းခံ
ဘဝအဖြစ် အနာကျင်ခံရစွာ ညဘက်ညနက်
တဲ့အထိ အော်သူမဲ့ မဖြစ်မနေပေးဆပ်ရတဲ့
နှင်းဆီနီပန်းလေးနဲ့ထပ်တူ ရင်ထဲက ထပ်တူမ
ဟုတ်ခဲ့တောင် မလျော့သောခံစားမူတွေနဲ့ နှလုံးသားတစ်စုံကနာကျင်နေရပြီလေ။

ညနေကပြသနာတွေရဲ့ သောင်းကျန်းမူတွေ
ရလဒ်ကတော့ ခမ်းကအဲ့တည်းက ကားတစ်စီးနဲ့အပြင်သို့ ကမူးရှုးထိုးနဲ့ထွက်
သွားခဲ့ပြီး အခုထိပြန်မလာသေးတာပင်။အခန်းရဲ့ဝရံတာဘက်ဆီ၌ ခြံထဲသို့ မျက်စီ
တစ်ဆုံးငေးမျှော်ကြည့်ရင်း အေးစက်စက်
လေညင်းတွေက ပို၍အထီးကျန်စေလေသည်။

အို....ဆောင်းလေအေးတွေကတော့ လူကိုက
လူကျီစယ်ကာ ခပ်ပါးပါးလေးဖြတ်တိုက်သွား
လေရဲ့။

"အခုထိမအိပ်သေးဘူးလား"

ဖျတ်ခနဲ့ကြားလိုက်ရတဲ့အသံကြောင့်ဖျတ်ခနဲ့
မော့ကြည့်ပြီး တဆက်တည်း စိမ့်ခနဲ့ ခံစား
လိုက်ရလေသည်။ ဆောင်းလေအေးအေး
တွေရဲ့ကြား ချစ်ရသူကို စိမ်ပြေနပြေငေးမော
ကြည့်မည်ဟု တွေးတောဖူးခဲ့လေသည်။ချစ်ရ
သူကိုငေးမောနေရင်း ချိုသာစွာ ပြုံးနေမည်
ဖြစ်လေသည်။ သို့သော် ထိုငေးမောခွင့်လေး
ကိုတောင် တွေးတောနိင်လိမ့်မည်ကတော့။

ခါးသိမ့်လေးကို အနောက်ကနေ ယုယစွာ
ထွေးဖက်မူရဲ့ နွေးထွေးမူတွေရဲ့နောက် ညင်
သာတဲ့စကားသံလေးတွေက ကပ်ပါလာလေ
သည်။

"ညနေက ဆိုးရွားတဲ့ကိစ္စတွေကြောင့် စိတ်
ကောက်နေတာလား "

ခတ် ညင်သာစွာခေါင်းခါယမ်းလိုက်ပြီး ပိုတင်းကြပ်လာတဲ့လက်နှစ်ဖက်ကိုပြန်ထွေး
ကိုင်ဖို့ရာ အင်အားမလုံလောက်ခဲ့။

ကကြိုးရုပ်[ Complete ]Where stories live. Discover now