Chapter...22

12.9K 695 40
                                    

အိပ်ရာထဲဒဏ်ရာများစွာနဲ့ဆေးကုနေရတဲ့သွန်းနဒီကိုကြည့်ရင်း...ဒေါ်သီတာခိုင်သက်ပြင်းချလိုက်ရင်း..ခေါင်းခါလိုက်လေသည်...။

ခြေလက်တွေကျိုးမပဲ့သွားပေမဲ့...ခမ်းရဲ့ဒေါသအတိမ်အနက်ကိုခံစားလိုက်ရတဲ့သွန်းနဒီအဖို့မှာတော့...လက်ဖျံရိုးအက်သွားတာကြောင့်
ကျောက်ပတ်တီးစီးထားရလေသည်..။

ခန္ဓာကိုယ်အနှံကဒဏ်ရာတွေရဲ့အညိုအမဲကွက်တွေကလည်းအလျဥ်းမပျောက်သေး...။

ခမ်းကိုအပြစ်တင်ချင်ပေမဲ့ကိုယ့်ရဲ့သွေးသား
မြေးအရင်းမို့...သွေးသားဘက်ကိုသာလိုက်ရပေမည်...သွန်းနဒီအတွက်စိတ်မကောင်းပေမဲ့လည်းပေါ့...မတတ်နိင်ဘူး...ခမ်းကငါ့မြေးအရင်းဘဲလေ...။

"ဘွားဘွား...ကိုကိုကသွန်းကိုမုန်းသွားပြီထင်တယ်နော်...မဟုတ်သေးဘူးစိတ်နာသွားလောက်ပြီ...သွန်းကို..ကိုကိုနဲ့ပြန်အဆင်ပြေအောင်ကူညီပါဦး..."

"ခမ်းကဘယ်တုန်းကသွန်းအပေါ်စိတ်ကောင်းထားနေလို့လဲသွန်း...ဘယ်တုန်းကမှအဆင်မပြေခဲ့တာ...ဒီထက်ထူးပြီးအဆင်ပြေစရာမရှိသလို...အဆင်မပြေလည်းသွန်းအတွက်နစ်နာစရာမရှိပါဘူးမြေးမလေးရယ်..."

"ဟင့်အင်း...သွန်းက..သွန်းကကိုကိုနဲ့အဆင်ပြေချင်တာ...ကိုကိုဂရုစိုက်တာခံချင်တာ...ညီမလေးတစ်ယောက်လိူစောင်ရှောက်ပေးတာခံချင်တာဘွားဘွားရဲ့...သွန်းအခုလိုဖြစ်သွားလို့ကိုကိုအပေါ်အပြစ်မတင်ပါဘူး..သွန်းအပြစ်နဲ့သွန်းပါ...သွန်းကကိုကိုရဲ့ညီမလေးအရမ်းဖြစ်ချင်ခဲ့တာလေ...သွန်းမှာညီအကိုမောင်နှမမရှိခဲ့တော့မေတ္တာတရားကိုအရမ်းမက်မောတောင့်တခဲ့မိတာမဟုတ်လား..."

"သွန်းရယ်...ခမ်းကိုအပြစ်မယူတာနဲ့တင်ဘွားဘွားကကျေးဇူးတင်ရမှာပါ..ငါ့မြေးမလေးကလိမ်မာလိုက်တာ...ခမ်းကလည်းကွယ်ဒီလောက်ချစ်ဖို့ကောင်းတဲ့ညီမလေးကိုဘာလို့မကြင်နာနိင်တာလဲမသိဘူး..."

"ကိုကို့ကိုအပြစ်မပြောပါနဲ့ဘွားဘွားရယ်...သွန်းထိုက်နဲ့သွန်းခံပါ့မယ်...သွန်းကလူတွေအပေါ်စေတနာထားပေမဲ့နောက်ဆုံးသွန်းကလူဆိုးမဖြစ်ခဲ့ရတယ်...သွန်းလေကိုကိုဆီကညီမလေးဆိုပြီးဂရုစိုက်ပေးတာအရမ်းလိုချင်တာဘဲ...သွန်းတော့ဒီဘဝမှာမရနိင်လောက်တော့ပါဘူး...သွန်းအရမ်းဝမ်းနည်းတာဘဲ...သွန်းအပေါ်ဒီလောက်ခါးသီးနေတာတစ်စုံတစ်ယောက်ကြောင့်များလား...အို..ဒါပေမဲ့သွန်းသူများအပေါ်အပြစ်မတင်ပါဘူး..."

ကကြိုးရုပ်[ Complete ]Where stories live. Discover now