Chapter...18

20.9K 798 32
                                    

ဒီficလေးကနည်းနည်းကြမ်းတော့ရိုင်းတာပါရင်သာသာကိုစိတ်မဆိုးနဲ့နော်သာသာကြိုပြောထားတာ😘

@@@@@@@@@

ခတ်အနေနဲ့သူငယ်ချင်းရဲ့အားပေးမူနဲ့အတူ
ပျော်စေချင်သည့်စေတနာကိုနားလည်ပေမဲ့အဲ့ခရီးကိုလိုက်ရင်ကောင်းနိင်မလားဟုတွေးမိနေလေသည်...။

အကျိုးအကြောင်းရှင်းပြလို့ဖေကြီးနဲ့မေကြီးကနားလည်သဘောပေါက်ကြပေမဲ့ခတ်အနေနဲ့ကတော့မျက်နှာပူစရာဖြစ်မှာစိုးသလို...စီနီယာကိုလည်းရင်မဆိုင်ချင်ပေ...ကိုယ်ကအပြစ်လုပ်ထားတာမဟုတ်ပေမဲ့ပေါ့...။

သူငယ်ချင်းကောင်းကြီးကိုတော့လိုက်မည်ဟု
နှုတ်ကတိနဲ့ပေးထားလိုက်ပြီဖြစ်တာကြောင့်
ခရီးသွားရန်သာစိစဥ်ရတော့မည်မဟုတ်လား.....သက်ပြင်းပူတစ်ချက်သာမှုတ်ထုတ်လိုက်ရင်းညဘက်ကောင်းကင်ရဲ့အလှနဲ့အတူကြယ်လေးတွေရဲ့လင်းလက်မူကြောင့်စိတ်အေးချမ်းရသလို...ညီညီကိုလည်းအမြန်ဆုံးတွေ့ရန်ဆုတောင်းနေမိလေသည်...။

ကြယ်လေးတွေကဒီနေ့မှပိုပြီးလင်းလက်တောက်ပနေသလိုပါဘဲ...။

"ဦး...ဟိုးကကြယ်လေးကပိုပြီးမလင်းဘူးလားဟင်...အသက်ကလေကြယ်လေးအရမ်းဖြစ်ချင်တာ..."

အခန်းရဲ့ဝရန်တာကနေ...ခမ်းရဲ့ရင်ခွင်ထဲကလေးလေးလိုဝင်ရောက်ထွေးဖက်ထားရင်းကောင်းကင်ကိုမော့ကြည့်ကာတီးတိုးစကားဆိုလိုက်လေသည်...။

"ဘာလို့လဲ...ကလေးရဲ့လမင်းကြီးကပိုမကောင်းဘူးလား...လမင်းကြီးကကြယ်လေးတွေရဲ့သခင်ဘဲလေ..."

"ဟင့်အင်း...လမင်းကြီးကကိုကိုလေ...အသက်ကကြယ်လေး...လမင်းကြီးကကိုကိုအတွက်ဘဲ..."

"ကလေးကအိပ်ချင်နေပြီထင်တယ်..ဦးကိုတောင်ကိုကိုတဲ့...အိပ်ပုပ်လေး...အိပ်တော့လေကလေး..."

"အသက်အိပ်ချင်တာဟုတ်ဘူး...ကိုကိုလေ...အသက်ရဲ့ကိုကို....ကိုကိုကအရမ်းချောတာ..အသက်ထက်တောင်ပိုပြီးလှတာ...ကိုကိုကလမင်းကြီးလိုဘဲ...အသက်ကကြယ်လေး..."

"ဟားးးဟုတ်ပါပြီဗျာ...ကိုကိုကလမင်းကြီးဟုတ်ပြီလား...လာအိပ်ကြရအောင်..."

"ဦးရင်ခွင်ထဲမှာအိပ်မယ်နော်...ပြီးတော့ချော့သိပ့်ဦး...အာဘွားအကြီးကြီး...မွ..."

ကကြိုးရုပ်[ Complete ]Where stories live. Discover now