Chapter...20

13.8K 735 47
                                    

အပေါ့အပါးသွားချင်တာကြောင့်မင်းလွင်နဲ့ခခကိုထားခဲ့ပြီးသန့်စင်ခန်းကိုတစ်ယောက်တည်းထွက်လာမိတဲ့ ခတ်အနေနဲ့ကတော့မှားပြီဟု
ထင်လိုက်လေသည်...။

ဘယ်ကမှန်းမသိ..ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်ကအရက်မူးမူးနဲ့သူကိုလူချင်းမှားပြီး
အတင်းဆွဲခေါ်နေတာကြောင့် ခတ်မှာရှိသမျှ
ခွန်အားနဲ့အတင်းရုမ်းကန်နေရလေသည်...

သို့ပေမဲ့ထိုလူက ခတ်ထက်နှစ်ဆလောက်ခွန်
အားကြီးပြီးခန္ဓာကိုယ်...ကိုယ်လုံးကိုယ်ပေါက်ကခတ်ထက်ကြီးမားတာမို့ ခတ်အနေနဲ့သူ့ရင်
ခွင်ထဲမှာ ကြက်ပေါက်လေးလိုမြုပ်နေလေ
သည်...။

"ဖယ်ပေး...လွှတ်လို့အရက်သမားကြီး...ခင်ဗျားကျွန်တော်ကိုလွှတ်ပေး...မဟုတ်ရင်အော်လိုက်မှာနော်..."

"ဟားး...ကလေးကဦးကိုအရမ်းစနောက်တတ်တာဘဲ...အရင်ကအဲ့လိုမဟုတ်ပါဘူး..လာပါဦးကစိတ်ပူနေတာ.."

"ခင်ဗျားရဲ့ကလေးမဟုတ်ဘူးလို့...လွှတ်ပေး
မင်းလွင်...ခခရေ..ငါ့ကိုကယ်ပါဦး.."

ဆုပ်က်ိုင်ထားသည့်လက်က..ကော်နဲ့ကပ်ထားသလိုမြဲတာကြောင့်..ခတ်မှာရုမ်းလေမောလေသာဖြစ်နေလေသည်...ဒီအချိန်ကျမှဒီနားမှာလူသွားလူလာမရှိဘဲလူပြတ်နေလေသည်..
မဟုတ်ရင်ဒီအရက်သမားဒီလောက်သောင်းကျန်းရမ်းကားရဲမည်မဟုတ်...။

"ကယ်ကြပါဦး...အရက်သမားနှောက်ယှက်နေလို့...အမေ့.."

ခတ်မှာဆုံးအောင်တောင်မအော်လိုက်ရ..ထိုအရက်သမားကဆွေ့ကနဲ့ကောက်ပွေ့လိုက်ပြီးတစ်နေရာသို့ဦးတည်သွားလေတော့သည်..

ခတ်မှာရုမ်းကန်ရင်းလိုက်ပါသွားလေတော့သည်...ငိုရလွန်းလို့မျက်ရည်တွေမှာရွှဲစိုလျက်..

အခန်းတစ်ခန်းထံသို့ဝင်လိုက်ပြီးကုတင်ပေါ်ခတ်ကိုချလိုက်သည်ဆိုတာသိတာနဲ့...ခတ်မှာထွက်ပြေးရန်အတင်းကုန်းရုမ်းထပြီးပြေးရန်ပြင်လိုက်လေသည်...။

"ဘယ်လိုဖြစ်နေတာလဲ..ဘာလို့အတင်းငြင်းနေတာလဲ..ဦးကိုမချစ်တော့လို့လား..ဦးနဲ့မနေချင်တော့လို့လား..ပြော...ပြောလေ.."

"ကျွန်တော်မှခင်ဗျားကိုမသိတာ..အီးဟီး..ပြန်လွှတ်ပေး..အခုဆိုမင်းလွင်တို့စိတ်ပူနေမှာ.."

ကကြိုးရုပ်[ Complete ]Where stories live. Discover now