Chapter...9

17.8K 878 30
                                    

ခမ်းဆိုသည့်ကိုကို့ကို...သွန်းဘယ်လောက်ချစ်
တယ်ဆိုတာသွန်းသာလျှင်အသိဆုံးဖြစ်လိမ့်မည်...သွန်းဘက်ကအချစ်တွေနဲ့ယုယမူတွေသွန်းဖြိုးပေးတောင်ကိုကိုကတချက်လေးတောင်စာနာပေးခဲ့သည်မဟုတ်....။

ပြောရရင်ကိုကို့ကိုချစ်နေရခြင်းကတိမ်တွေပေါ်မှာ...အိမ်ဆောက်နေရသလိုပါဘဲ..။

သွန်းနဒီဆိုတဲ့သူမက...ကိုကိုရဲ့ဘွားဘွားကမွေးစားထားသောမိနိးကလေးတစ်ယောက်..
ပြောရရင်ကိုကို့ကိုတိတ်တခိုးချစ်နေရတဲ့ကောင်မလေးတစ်ယောက်ပေါ့...။

လှမ်းခြွေမဲ့လက်ကတန်ဖိုးမြင့်နေသောဒီပန်းကလေးကဘယ်လိုလှပစွာပွင့်လန်းနေနိင်မှာလဲ...ကိုကိုတို့အိမ်စရောက်လာပြီးဘွားဘွားရဲ့
ချစ်ခင်ကြင်နာသနားမူကိုရခဲ့ပေမဲ့..ကိုကိုက
တော့လုံးဝသွန်းကိုလှည့်ကြည့်ခဲ့ခြင်းမရှိ....။

ကိုကိုက...ထိုင်းကပြားတစ်ယောက်...ကိုကိုမေမေကမြန်မာ...အဖေကထိုင်းလူမျိုးဖြစ်တာကြောင့်...ကပြားဖြစ်တဲ့ကိုကိုကသွန်းမျက်လုံးထဲတွင်တော့အရမ်းချောမောနေလေသည်....။

ဘွားဘွားပြောပုံအရ..ကိုကိုအမေသေပြီးအဖေကလည်းထိုင်းမှာနောက်အိမ်ထောင်ပြုလိုက်တယ်လို့ကြားသိခဲ့ရတယ်..ဒါပေမဲ့သွန်းဒီအိမ်စရောက်တဲ့အချိနိကစပြီး...ကိုကို့ရဲ့အပြုံးတွေကိုမတွေ့ခဲ့ရဘူး...ဒီထက်ပိုသေချာတာက
မတွေ့ဖူးခဲ့တာ...။

ဒီနေ့မှာတော့ကိုကိုရဲ့အပြုံးတွေကိုပထမဆုံးတွေ့ခဲ့ရတယ်...ကိုကိုရယ်...ကိုကိုအပြုံးတွေကသိပ်ကိုလှပတယ်..။

သို့ပေမဲ့ထိုအပြုံးတွေက...တစ်စုံတစ်ယောက်
ဖြစ်တည်လာတာတွေ...သွန်းကြောင့်မဟုတ်ဘဲ...အာ့ဒီကောင်ကြောင့်...တန်ဖိုးမရှိတဲ့အပျက်ကောင်...လူတကာရဲ့သာယာမူကိုဖြည့်ဆည်းပေးနေရတဲ့အကောင်..။

အပျက်ကောင်တစ်ယောက်ကကိုကိုနဲ့တန်လို့လား...သူရှေ့မှာသွန်းကိုအော်ဟစ်နှင်ထုတ်ခဲ့တာသွန်းရင်အနာဆုံးဘဲ...။

ဒါတွေဟာ...အကုန်နင့်ကြောင့်ဘဲ..ကိုကိုဘေး
နားကနင့်ကိုထွက်သွားအောင်ငါဘာမဆိုလုပ်ပြမယ်....။

ကကြိုးရုပ်[ Complete ]Where stories live. Discover now