Chapter 2

26K 1.3K 29
                                    

အမှောင်ကြီးစိုးတဲ့ညကသိပ်ကိုကြောက်လန့်
ဖို့ကောင်းတယ်....ညဘက်အမှောင်ရောက်မှာ
ကြောက်နေတဲ့ကလေးတယောက်ကိုကော
ဘယ်သူကစာနာမူပေးနိင်မှာလဲ...ညဘက်တွန်
ကျူးတတ်တဲ့ဌက်ကလေးတွေလောက်တောင်လွတ်လပ်မူကမရနိင်ပါဘူး....
ဘဝကြီးကခြောက်ကပ်စွာသိပ်ကိုသနားစရာ
ကောင်းလွန်းလှပါတယ်...

"အသက်...ထတော့....ဒီညအလုပ်ရှိသေးတယ်...မင်းကိုရေမိုးချိုးပေးရမယ်တဲ့..အိပ်ရာထ
ပြီးအစာစားပြီးတာနဲ့ရေမိုးချိုးရမယ်"

နဂါးရဲ့တပည့်များကလာရောက်နိူးတာကြောင့်ရှင်းသက်ပိုင်အိပ်ရာကမထချင်ဘဲထလိုက်
ရသည်...ခန္တာကိုယ်အောက်ပိုင်းကနာကျင်မူ
ကြောင့်ခံစားလိုက်ရသည်ကမျက်ရည်ဝဲမတတ်ပင်...ဒါပေမဲ့နဂါးဆိုသည့်ဦးလေးကသူ့စကားနားမထောင်ရင်ရိုက်နှက်ရုံမကထမင်းပါ
အငတ်ထားတတ်သောကြောင့်နဂါးဆိုသည့်
ဦးလေးကြီးကိုအရမ်းကြောက်သည်...

"ဟုတ်ထပါမယ်..အသက်ထပါမယ်နော်..
ပြီးရင်အသက်ကိုမုန့်တွေကျွေးရမယ်နော်"

"အမြန်ထ...ပြီးရင်အသက်စားချင်တာကျွေး
မယ်...."

အသက်18နှစ်ပြည့်ပေမဲ့ရှစ်နှစ်အရွယ်ကလေး
တယောက်ရဲ့မှတ်ဉာဏ်ဘဲရှိတာကြောင့်မုန့်
စားရရင်လိုချင်တဲ့အရုပ်လေးများရရင်ပျော်
ရွှင်နေတတ်သည်....

"အသက်...မျက်နှာသစ်ပြီးပြီလား..လာဦး..
ဒီနားကိုလာခဲ့...ငါပြောစရာရှိတယ်"

နဂါးဆိုသည့်သူကိုအသက်ကြောက်သော
ကြောင့်နရံထောက်လေးနားငြိမ်ကုတ်နေရင်း
လှမ်းခေါ်တာကိုပင်မသွားရဲလောက်အောင်
ကြောက်နေမိသည်....

"ဟဲ့ကောင်လေး....ဘာလုပ်နေတာလဲ..လာဆို
လာလိုက်လေ...တော်ကြာထသတ်နေမှနင်အ
သားနာနေမယ်...အခုချက်ချင်းလာ"

ဒေါ်ဝင့်ဝါရဲ့ဆူဆဲအော်ငေါက်သံကြောင့်နရံ
ထောင့်မှာငြိမ်ကုတ်နေတဲ့အသက်တယောက်
မျက်ရည်တွေကျလျက်အနားကိုတိုးလာလေ
သည်...

"အမလေး...နည်းနည်းပြောလိုက်တာနဲ့မျက်
ရည်ကကျဖို့ဘဲ...ငါလုပ်လိုက်ရသေတော့မယ်
ကျက်သရေကိုမရှိဘူး"

ကကြိုးရုပ်[ Complete ]Where stories live. Discover now