Chapter 3

21.1K 1.3K 7
                                    

အသက်28နှစ်ရှိပြီဖြစ်တဲ့လူငယ်တယောက်အတွက်ဘဝ၌အချို​မြိန်ဆုံးသာယာမူတွေနဲ့ဘေး
နားကချွဲနွဲတဲ့အသံလေးများကိုစာစီကုံးနေတတ်သည့်ချစ်သူတယောက်ကိုပိုင်ဆိုင်ရမည်ဆိုပေမဲ့ယခုချိန်မှာတော့ရင်ထဲမှာလစ်ဟာမှုတွေ
ကြီးစိုးနေတဲ့ကမ္ဘာလေးတခုကိုဖန်ဆင်းထားသလိုပင်...။

စံအိမ်ကြီးရဲ့အပေါ်ထပ်အိပ်ခန်းပြတင်းမှန်
ဝကဆိုဖာပေါ်တွင်ကော်ဖီခါးတစ်ခွက်ကိုအရသာခံစွာသောက်နေရင်းခြံထဲသို့ငေးကြည့်နေမိသည်..။

ကြီးမားကျယ်ဝန်းသောခြံကြီးတွင်ပန်းပင်ရောင်စုံများစွာနှင့်အရိပ်ကောင်းသောသစ်ပင်ကြီးများအပြင်စံအိမ်အနောက်ဘက်တွင်စိမ်းလန်းစိူပြေလွန်းလှသောမြက်ခင်းပြင်ကြီးက
အေးချမ်းမူကိုဆောင်နှင်းနေလေသည်..မြက်ခင်ပြင်ကြီးရဲ့အလယ်တွင်ဘန်ဂလိုခပ်သေးသေးတစ်ခုကိုဆောက်လုပ်ထားပြီးကြယ်ရောင်တွေစုံလင်တဲ့ညမျိုးမှာဆိုကြယ်လေးတွေကိုခံစားကြည့်ရှုရင်းညအလှကိုကုန်ဆုံးရတာကိုခမ်းတကယ်ကြိုက်သည်..။

အပြင်ဘက်ကအေးစက်မာကျောခက်ထန်သည့်လုပ်ငန်းများစွာပိုင်ရှင်ခမ်းဆိုတဲ့သူကကြောက်လန့်ဖွယ်ကောင်းပေမဲ့လူအများရဲ့ကွယ်ရာ၌ဒီလိုနူးညံ့သည့်ခံစားမူလေးရှိနေမည်ဟုမည်သူမှထင်လိမ့်မည်မဟုတ်...သိအောင်လည်းမိဘများကိုပင်အရိပ်အယောင်တောင်မပြခဲ့အေးစက်စိမ်းကားသည့်မိဘတွေကြောင့်
တကွဲတပြားဖြစ်နေရသည့်မိဘတွေရဲ့အိမ်ထောင်ရေးရန်ပြုမူတွေကိုနာကျဥ်းမုန်းတီးရင်းနေခဲ့ရသည်..။

ယခုဆိုလျှင်...ခမ်းရဲ့ဖခင်ကလည်းသူ့နိင်ငံမှာနောက်အိမ်ထောင်နှင်ပျော်နေသလိုခမ်းရဲ့မိခင်ကလည်းငယ်ချစ်ဟောင်းနှင့်ပြန်ပေါင်းထုတ်နေကြလေပြီ..။

ကောင်းပါသည်..ဒါကလည်းမမြင်ရတဲ့ခံစားမူကိုလွမ်းဆွတ်စရာမလိုအပ်တော့ဘူးလေ..

"သူရ....ပြောစရာရှိလို့ဝင်ခဲ့"

ယုံကြည်စိတ်ချရပြီးဘေးနားအမြဲအသင့်ရှိ
သည့်...သူရကိုအခန်းထဲသို့ခေါ်လိုက်လေသည်...

"Boss...ဘာခိုင်းစရာရှိလို့လဲ"

"ဟိုနေ့ကလေလံပွဲတစ်ခုမှာလေလံနိင်သွားတဲ့ငါ့ရဲ့လုပ်ငန်းအချက်အလက်တွေကိုခိုးယူဖို့ကြိုးစားတဲ့သူကိုဖမ်းမိပြီလား"

ကကြိုးရုပ်[ Complete ]Where stories live. Discover now