Chapter...23

11.3K 670 21
                                    

အသက်ကိုပွေ့ရင်း တပည့်တွေရှိတဲ့အဆောင်
တန်းလျားဘက် ခမ်းဝင်သွားလိုက်လေသည်..

ခမ်းရဲ့တပည့်တွေအကုန်လုံးကဗလတောင့်တောင့်အရပ်အမောင်းကောင်းကောင်းနှင့်သန့်ပြန့်ပြီးတိုက်ခိုက်ရည်ကောင်းတဲ့သူတွေသာဖြစ်သလို...လုပ်ရဲကိုင်ရဲကြသူများလည်းဖြစ်သည်...

သူတို့ဘဝမှာကြောက်စရာဆိုတာမရှိသလို..
ခမ်းရဲ့အမိန့်ကိုသာနာခံကြပြီး..ခမ်းရဲ့စကားတစ်ခွန်းတိုင်းကိုတော့ကြောက်ရွံကြလေသည်...။

ခမ်းဆိုသည့်သူက...သူတို့ထက်အဆပေါင်းများစွာသွေးအေးရက်စက်တတ်သူဆိုတာသိထားကြသောကြောင့်ဖြစ်သလို..ခမ်းအပေါ်၌လည်းသစ္စာရှိကြလေသည်...သစ္စာမရှိတဲ့သူမျိုးကိုလည်း ခမ်းကအလွတ်မပေးတတ်မသ
နားတတ်ပေ...။

ကလေးတစ်ယောက်လိုအသက်ကိုချီပိုးရင်း
ခမ်းဝင်လာသည်နှင့်...တပည့်များကဆိုင်ရာအခန်းကိုယ်စီ၌ထွက်လာကြပြီးခေါင်းငုံ့ကာ
အရိုအသေပေးကြလေသည်...။

"ကလေးကကြောက်လို့လား...မကြောက်ပါနဲ့ဦးရှိနေတာဘဲလေ..မကြောက်နဲ့နော်.."

တပည့်အားလုံးကအရိုအသေပေးပြီးငြိမ်သက်နေကြသလို...သူတို့ရဲ့ပုံစံတွေကြောင့်အသက်က..ခမ်းရဲ့အကျီစလေးကိုခပ်တင်းတင်းဆုပ်ကိုင်ပြီးရင်ခွင်ထဲပိုတိုးလာလေသည်...ခေါင်းလေးကိုလည်းငုံ့လျက်...

"ဟျောင့်တွေ...ငါ့ကလေးအရမ်းကြောက်နေပြီ..အကုန်လုံးရယ်ကြစမ်း...မင်းတို့အဲ့လိုတွေလုပ်နေလို့ငါ့ကလေးကအရမ်းကြောက်နေတာ...ရယ်ရယ်မောမောနေကြ.."

ခမ်းရဲ့အမိန့်ဆုံးသည့်နှင့်...တပည့်များကလည်းတဟားဟားရယ်မောရင်းတစ်ယောက်နဲ့တစ်ယောက်စနောက်ကြလေတော့သည်...လူဆိုးကြီးတွေကလည်းလူရွှင်တော်တွေဖြစ်သွားလေသည်...။

ထိုအခါမှ...အသက်ကခေါင်းလေးပြန်မော့လျက်ပြုံးယောင်လေးသန်းလာလေသည်..ကလေးပျော်မယ်ဆိုသူတို့ကိုပြဇာတ်ထောင်စားရမယ်ဆိုလည်းလုပ်ဖို့အသင့်ပင်...

"ဦး...ဟိုမှာဘေးဘက်ထွားနေတာတွေကဘာလုပ်နေကြတာလဲဟင်..."

"သြော်...အဲ့ဒါလား...ကလေးကသိချင်မှတော့ပြရတာပေါ့..."

ကကြိုးရုပ်[ Complete ]Where stories live. Discover now