Chapter...16

14.1K 836 53
                                    

သည်းသက်ကိုငိုအောင်လုပ်ဖို့မပြောနှင့်မျက်ရည်ဝဲအောင်လုပ်တဲ့သူကိုပင်...ခမ်းအနေနဲ့ခွင့်မလွှတ်နိင်ပေ...ကလေးကိုထိခိုက်အောင်လုပ်တဲ့သူတွေကိုလည်းပြန်ပြီးထိခိုက်နာကျင်ရမှ
ကျေနပ်နိင်လိမ့်မည်....။

ရက်စက်လိုက်တာလို့ထင်နိင်ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့ကလေးကလွဲပြီးဘယ်သူကိုမှသက်ညှာလိမ့်မည်မဟုတ်...သနားနေမည်လည်းမဟုတ်ချေ...။

"ခမ်း...မင်းရပ်စမ်း...မင်းဘယ်လိုလုပ်နေတာလဲ..ဒါကမင်းညီမလေးနော်...ဘာမဟုတ်တဲ့သူ
အတွက်အခုလိုတွေလုပ်နေရတာလဲ..."

"ဘယ်သူများလဲလို့...ဒေါ်သီတာခိုင်ဆိုတဲ့ငါ့ရဲ့အဘွားဘဲ...ဟျောင့်တွေအားလုံးငါ့အဘွားကိုအရိုအသေပေးကြစမ်း...ဘယ်လို့လဲဘွားဘွား
အဆင်ပြေတယ်မလား..."

"ဘွားဘွားမြေးကိုကယ်ပါဦး...အဟင့်သွန်းအရမ်းကြောက်တယ်ဘွားဘွားရယ်...သွန်းကိုကယ်ပါနော်...."

"မငိးငါ့အဘွားကိုအကူအညီတောင်းမနေနဲ့
အခုမှအရမ်းကြောက်နေတယ်ပေါ့ဟုတ်လား
ပြီးရင်ပိုကြောက်သွားစေရမယ်..."

အရမ်းမာနကြီပြီးချမ်းသာကြွယ်ဝတဲခမ်းရဲ့အဘွားဒေါ်သီ​တာခိုင်က...တော်တန်ရုံလူကိုအ
ဆင့်အတန်းမရှိဘူးဆိုပြီးစကားသိပ်မပြောနဲ့
မောက်မာလွန်းသလိုစီးပွားရှာတော်တဲ့နေရာမှာဆရာတစ်ဆူအလား...။

"ခမ်း...မင်းပြောလေကဲလေးပါလား....ကြည့်ရတာငါသေချာမင်းကိုမဆုံးမခဲ့ဘူး...ဆိုးချင်တိုင်းဆိုး...လွတ်ချင်တာလွတ်နေတော့တာဘဲ
ငါကမိတဆိုးလေးဆိုပြီးအလိုလိုက်ခဲ့တာ...
အခုတော့ငါ့ခြေလှမ်းကိုပြန်နင်းတတ်နေပြီပေါ့..."

"အဲ့ဒါတွေကဒီကောင်မကိုပြောရမဲ့စကားတွေဘဲ...အဘွားသူကိုသေချာမဆုံးမလို့...ကိုယ်နဲ့မဆိုင်ဘဲဝင်ပါတတ်တဲ့စိတ်ဖြစ်နေတာ...မြေးက
စေတနာနဲ့ဆုံးမပေးမလို့လေ..."

"ဟိုကောင်လေးကော...ညစ်ပတ်တဲ့ကောငိလေးသူလုပ်လို့အခုဖြစ်ရတာ...ငါ့မြေးကတောင်ငါ့ကိုခံပြောတတ်နေတာ...သူကဘာတွေများဆွဲဆောင်လို့ဒီလိုဖြစ်သွားရတာ...ဟမ်ပြောစမ်းခမ်း..."

"အခုအဘွားလာတာက...ဒီကောင်မကိုပြန်ခေါ်သွားဖို့မလား....ဒါပေမဲ့ကျွန်တော်ကအကြွေးမထားတတ်တာသိတယ်မလား...အကြွေးဆိုရင်ဝဋ်ကြွေးတောင်မထားတတ်ဘူး
အပြစ်လုပ်ထားတဲ့သူကိုပြန်အပြစ်ပေးရမှ
ကျေနပ်တာမျိုး...အဲ့ဒါတော့သိတယ်မလား.."

ကကြိုးရုပ်[ Complete ]Where stories live. Discover now