Chapter....53

10.3K 620 63
                                    

ကလေးတွေနဲ့ ရန်ဖြစ်ပြီး နှုတ်ခမ်းလေးတဆူ
ဆူဖြင့် မျက်စောင်းလေးထိုးကာ လက်တဖက်
က လုံးလုံးလေးရှိတဲ့ဗိုက်ကလေးကိုကိုင်၍
တဖက်က အနိင်ရလာခဲ့တဲ့အရုပ်လေးတွေယူ
လာခဲ့ဖို့မမေ့ချေ။

ဗိုက်လေးကသုံးလပြည့်ခါနီးရှိလာပေမဲ့သာ
မာန်ထက်ပို၍ စူစူလေးဖြစ်နေလေသည်။တခြားသူတွေ အနေနဲ့ ဗိုက်ကြီးရခြင်းကစိတ်
ညစ်စရာလို့ထင်နိင်ပေမဲ့ အသက်အတွက်က
တော့ လုံးလုံးလေးရှိနေခြင်းက သူအတွက်
ပျော်စရာတစ်ခုလို ချစ်မဝတဲ့အရာလေးပိုင်
ဆိုင်ထားသလိုပင်။

ဘာကြောင့်ဆိုရင်တော့ အသက်ကဆော့စရာ
လူမရှိရင် ဗိုက်ထဲကလုံးလုံးလေးနဲ့ပြန်ဆော့
လေသည်။ လုံးလုံးလေးနဲ့ဆော့လိုက် စကား
တွေပြောလိုက် သူနဲ့ခမ်း အင့်အင့်လုပ်ခဲ့တာ
တွေပြန်ပြောပြီး ရှက်လိုက်နှင့် ကလေးလေး
တစ်ယောက်လိုပင်။

"ဒီအရုပ်လေးကလုံးလုံးလေးအတွက် ဒါက
တော့အသက်အတွက်"

"တစ်ခုပိုနေတာဘယ်လိုလုပ်ရမလဲ စဥ်းစား
စမ်း"

နိင်လာတဲ့အရုပ်လေးတွေကို ဝေပုံကျမျှလိုက်
ပြီး တစ်ရုပ်ပိုနေတာကြောင့် မသိမသာလုံးလုံး
လေးမသိအောင်ယူလိုက်လေသည်။

"အသက်ကပိုယူတာစိတ်မဆိုးနဲ့နော် လုံးလုံး
လေးကိုဗိုက်ထဲထည့်ထားရတာ ဗိုက်ထဲထည့်
ခအနေနဲ့ယူတာ ဟွန့် "

လုံးလုံးလေးရဲ့အဖေဖြစ်နေပေမဲ့ မသိနားမ
လည်တဲ့အသက်ကတော့ သူကိုယ့်သူအသက်
လို့ဘဲသုံးနှုန်းလေသည်။ဒါတောင်သူဒီအရုပ်
လေးတွေကိုဘယ်လိုနိင်အောင်ဆော့ခဲ့ရလဲသိ
လားဆိုပြီး နှုတ်ခမ်းလေးဆူပြီးပြောနေလေရဲ့။

"ငြိမ်ငြိမ်နေဆော့ပေးပါမယ် အသက်ဒီမှာ
ဆော့မို့လုပ်နေပါတယ် မငြိမ်နေရင်ရိုက်မှာ
နော်"

"အသက် ဆော့နေတာလားလုံးလုံးလေးနဲ့
ထမင်းစားမယ်လာခဲ့တော့နော်"

အခန်းထဲဆော့နေရင်း ထမင်းစားပွဲဆီသို့ပြေး
သွားကာ ဘာတွေများချက်ထားလဲဟု ခေါင်း
လေးရှေ့ထိုးလျက် လိုက်ကြည့်လိုက်သေး
လေသည်။

ပြီးနောက် မျက်နှာလေးရှုံမဲ့လျက် ခြေလေး
တစ်ဖက်ကို ဟိုဘက်ဒီဘက်ယိမ်းနေလေသည်။

ကကြိုးရုပ်[ Complete ]Where stories live. Discover now