Chapter....42

10.5K 649 40
                                    

ကျွန်တော်ကိုအပြင်ပန်းဘဲ အကဲခတ်မိကြတဲ့
လူတချို့ရဲ့အမြင်မှာတော့ ကျွန်တော်ကသိပ်
ကိုကံကောင်းပြီးအချစ်ခံရတဲ့ကောင်လေးပါ..။အရာရာပြည့်စုံပြီးပညာတတ်ချောမောတဲ့
လူငယ်လေးတစ်ယောက်ဖြစ်ပေမဲ့ ဘယ်သူမှ
မသိတဲ့တံခါးတစ်ဖက်မှာတော့ သိပ်ကိုအထီး
ကျန်ဆန်လှတဲ့သူတစ်ယောက်အဖြစ်ပေါ့...။

ငယ်ငယ်ကဂေဟာမှာနေထိုင်ခဲ့ရစဥ်က...ပုံမှန်
စိတ်မဟုတ်တဲ့ ညီလေးကိုတခြားအနိင်ကျင့်
တဲ့ ကလေးများကြားမှကာကွယ်ပေးနိင်ရန်အ
တွက် ကလေးပီပီဆော့ကစားပြီး ချစ်စဖွယ်
နေထိုင်ရမဲ့အစား ညီလေးကိုကာကွယ်ရမဲ့အ
ဖြစ်ကြောင့် ခက်ထန်တဲ့သူ...မာနကြီးတဲ့သူ
တည်ငြိမ်တဲ့သူလိုမျိုး ရဲရင့်တဲ့ကလေးလေး
တစ်ယောက်အဖြစ် ညီလေးဘေးနားရှိနေပေး
ခဲ့တယ်...။

ကျွန်တော်နဲ့အမြွာညီလေးက ရုပ်ရည်ချင်းတူ
ပြီး အသက်ရွယ်တူပေမဲ့ အကိုတစ်ယောက်ရဲ့
ဖြစ်တည်မူအတိုင်း ဆော့ကစားရမဲ့အရွယ်
လေးမှာတောင် ဆော့ချင်တဲ့စိတ်ကိုမြိုသိပ်ပြီး
ညီလေးကိုစောင့်ရှောက်ပေးခဲ့တယ်...။

ကျွန်တော်လည်းတခြားကလေးတွေလိုဆော့
ကစားပျော်ပါးပြီးချစ်စဖွယ်နေချင်တာပေါ့..။
ဒါပေမဲ့ အဲ့လိုနေလိုက်ရင် အနိင်ကျင့်တဲ့က
လေးတွေကမကြောက်ကြတော့ဘဲ ညီလေး
ကိုအနိင်ကျင့်ရလွယ်ကူသွားမည်လေ...။

အမြဲခပ်တည်တည်နေတဲ့ကလေးထက် ပုံမှန်
စိတ်မဟုတ်တောင် ချစ်စဖွယ်အမြဲနေပြီးပြုံး
ရွှင်နေတဲ့ကလေးကိုပိုချစ်ကြလေသည်..။
လာရောက်မွေးစားရင်တောင် အသက်ကိုပိုပြီး
မွေးစားချင်ကြလေသည်...သူကတော့နံရံဂျောင်လေးနားမှာဘဲ ငေးကြည့်နေခဲ့ရတဲ့အ
ဖြစ်ပင်...။

ဂေဟာမီးလောင်ပြီးအသက်ပျောက်ဆုံးသွား
တဲ့အချိန် တစ်ယောက်ထဲသင်းကွဲလိုကျန်ရစ်
ခဲ့သည့် သူကိုဂေဟာမှူးက သူတစ်ပါးအိမ်မှာ
ခိုင်းစေ၍ ငယ်ကျွန်လိုမျိုးထားရန် လာ
ရောက်မွေးစားသည်ကိုပင်ခွင့်ပြုလေသည့်အ
ထိ....ဂေဟာမှူးကိုယ်တိုင်ကပင်...ချစ်စဖွယ်
မနေဘဲ အကြောမာသလိုဂျစ်ကန်ကန်နေ
သည့်ကျွန်တော်ကို မွေးစားမဲ့သူရှိမှာမဟုတ်ဖူး
တဲ့လေ...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now