Chapter...11

15.6K 902 23
                                    

ရင်ထဲစိတ်ဒဏ်ရာကောအပြင်ကနာကျင်မူတွေပါခံစားရတဲ့ကလေးငယ်ကတော့ရင်ခွင်ထဲမှာအပြစ်ကင်းစင်သူလေးလို့ဖြူစင်စွာဖြင့်အိပ်မောကျနေလေရဲ့....။

အဲ့နေ့ညကစလို့အသက်ကသူအိပ်ရာဝင်ခါနီးတိုင်းထိုသီချင်းလေးကိုအမြဲဆိုပြခိုင်းတယ်သူနဲ့ချစ်တင်းနှောပြီးတဲ့အချိန်မှာတောင်ကလေးငယ်ကပင်ပန်းနွမ်းလျသောဟန်ပန်လေးဖြစ်နေပါစေ...သူခေါင်းလေးကိုပွတ်ပြီးသီချင်းဆိုပြရင်းရင်ခွင်ထဲတိုးဝှေ့ကာအိပ်စက်လေတယ်....။

ကလေးကဘယ်ချိန်ဖြစ်ဖြစ်ချစ်ဖို့ကောင်းသလို့....အသက်ဆိုတဲ့နာမည်လေးလို...ကျွန်တော်ရဲ့အသက်ဘဝသခင်ပါဘဲ....

"ဦး...ညနေစောစောပြန်လာနော်..ဦးနဲ့အတူကစားချင်လို့...."

သူလေးကိုပေါင်ပေါ်တင်ကာတယုတယနဲ့ထမင်းခွံကျွေးနေရင်းသည်းသက်ကပူဆာနေလေသည်....။

ကလေးစိတ်သာရှိတဲ့အသက်ကိုအဲ့နေ့ညကစလို့သူ့အတိတ်နဲ့ပတ်သက်ပြီးမပြောဆိုဖို့တင်းကျပ်မူမရှိတော့...ဘာလို့ဆိုကျွန်တော်ရဲ့ကလေးလေးထပ်ပြီးသူကိုယ့်သူထိခိုက်အောငိလုပ်မှာကိုအရမ်းစိုးရိမ်မိတယ်...အသက်ကလည်းကျွန်တော်စိတ်မကောင်းမှာစိုးလို့သိပ်မပြောတော့ပေမဲ့...တခါတလေကလေးအရမ်းဆန်တဲ့စိတ်ကြောင့်သူစိတ်ကထိန်းမရအောင်လွှတ်ထွက်မိပြီးပြောမိတာမျိုးရှိလေသည်...။

နေပါစေကလေးရယ်...ကလေးထိခိုက်မဲ့အရာမှန်သမျှမဖြစ်တော့လေအောင်...ဦးဘဲအနာကျင်ခံပါမယ်...ဦးကအသက်ကိုအရမ်းချစ်မိတာကိုး...ကော်ဖီဆိုင်လေးထဲကထွက်လာတဲ့အသက်ကိုအမှတ်တမဲ့မြင်မိလိုက်တဲ့အချိန်ကစပြီးတနင့်တပိုးချစ်မိခဲ့ရတာမို့...ချစ်ရသူနာကျင်အောင်သူ့ဘက်ကလုပ်မည်မဟုတ်...။

ဒါပေမဲ့အသက်သိလား....ဦးကချစ်ရင်အရမ်း
ချစ်သလို...မုန်းမိရင်လည်းအရမ်းကြောက်ဖို့ကောင်းတယ်ဆိုတာဘဲ...။

"ကလေးနဲ့အတူကစားနိင်အောင်ဦးကစောစောပြန်လာခဲ့မယ်နော်..ကလေးကကွာချစ်စရာလေး...ဦးကိုအနမ်းပေးပါဦး...သည်းသက်ရယ်..."

ထမင်းစားနေရင်းပါးစပ်ထဲထမင်းမြုံထားသောကြောင့်ပါးလေးတွေကဖောင်းလို့သို့ပေမဲ့နှုတ်ခမ်းလေးဆူကာ...ခမ်းရဲ့ပါးကိုလာနမ်းလေသည်...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now