Chapter....46

9.7K 571 67
                                    

လမ်းမကြီးရဲ့ထက်မှာ ယုန်သူငယ်လေးလို
အားကိုးစရာမဲ့နေတဲ့ ဖြူလွှလွှဝတ်ရုံငယ်
လေးသဖွယ်...မပီမပြင်ဝိုးတဝါးပုံရိပ်လေးအ
လားထင်မှတ်မှားစရာဖြစ်နေပေမဲ့ ထိုပုံရိပ်
လေးကိုတော့ ဘယ်တော့မှမေ့နိင်လိမ့်မည်မ
ဟုတ်...။

ဖြူစင်စွာချစ်မိတဲ့သူ့နှလုံးသားကို တို့ထိလိုက်
သလို ဆစ်ခနဲ့ခံစားချက်လေးက ခတ်ကသူ့ကို
မမှတ်မိဘူးတဲ့လေ...ခတ်ပျောက်သွားတဲ့အ
ချိန်မှာသူရူးတစ်ယောက်လို လိုက်ရှာခဲ့ပေမဲ့
သတင်းရဖို့ပင်ဝေးစွ အစအနလေးတောင်ရှာ
မတွေ့ခဲ့...။

ဆေးရုံကားပါကင်မှာနောက်ဆုံးတွေ့လိုက်ရ
ပြီး ခတ်ပျောက်သွားတဲ့အချိန် သူကိုယ့်သူရင်
နာလို့မဆုံး ခတ်ကြိုက်ကြိုက်မကြိုက်ကြိုက်
အတင်းဆွဲကာအိမ်သို့လိုက်ပို့ပေးခဲ့လျှင် ထို့သို့
ဖြစ်လာမှမဟုတ်ချေ...။

ခံပြင်းစိတ်တွေနဲ့ နှိပ်စက်နေတဲ့ အတွေးတွေ
ကိုခတ်ကို အမှတ်မထင်အခုလိုပြန်တွေ့ချိန်မှာ
တော့ မြူမူန်လေးလို့လွင့်စင်ခဲ့ရပြီလေ...။

သူကိုယ်တောင်မမှတ်မိနိင်တဲ့ ခတ်ရဲ့နှုတ်ဖျား
က ဦးဆို့သည့်နာမ်စားကိုတော့ တဖွဖွတမ်းတ
လို့မဆုံး...သူ့ရှေ့ရောက်သည်နှင့် အရာရာ
စိတ်လျော့လိုက်သလိုမျိုး ပြိုလဲသွားတဲ့ခန္ဓာ
ကိုယ်လေးအား ပွေ့ချီကာ အိမ်သို့ခေါ်လာ
လိုက်လေသည်....။

ဆရာဝန်တစ်ယောက်ဖြစ်တဲ့ သူ့အတွက်လက်
မခံချင်ဆုံးအမှန်တရားက သတိလစ်နေတဲ့
ခတ်ကိုစမ်းသပ်ရင်း ခတ်မှာကိုယ်ဝန်ရှိနေ
သည်တဲ့လေ...။ မဖြစ်နိင်ဘူးလို့အော်ပြောချင်
ပေမဲ့ ဒါဟာမျက်မြင်အမှန်တရားတစ်ခုပင်...။

ခတ်ကို ရိုးသားဖြူစင်စွာချစ်မိတဲ့သူ့အတွက်
ခတ်ကို အကိုတယောက်လိုစောင့်ရှောက်ပေး
ခြင်းပင်...ခတ်ရဲ့ကလေးအဖေဖြစ်သူကသိပ်
ကိုကံကောင်းတဲ့သူဖြစ်တာကြောင့် အားကျရုံ
မှအပါးမရှိနိင်ပေ...။

အခုလိုခတ်သူကိုမမှတ်မိချိန်မှာအပိုင်သိမ်း
လိုက်ချင်ပေမဲ့ ထိုသို့မလုပ်ရက်နိင်ပေ...ခတ်
စိတ်ဆင်းရဲမဲ့အဖြစ်မျိုးသူမလုပ်ချင်...ခတ်ပျော်နေတာကိုဘဲ မြင်ချင်သူမို့ ခတ်ရဲ့ကလေး
လေးကိုပါ အဖေအရင်းကိုပြန်ရှာတွေ့တဲ့အထိ
အကိုတယောက်လိုစောင့်ရှောက်ပေးရန်ဆုံး
ဖြတ်မိလိုက်ခြင်းဖြစ်လေသည်...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now