Chapter....55

16K 618 48
                                    

ဒီအပိုင်းလေးကအရမ်းကြမ်းလို့သာသာကို
ဗွေမယူပါနဲ့နော် လူသတ်အနိင်ကျင့်စော်ကား
ပြီး🔞🔞ပါတာမို့ ရက်စက်တဲ့အပိုင်းဖြစ်တာ
ကြောင့် သည်းခံဖတ်ပေးကြပါနော်။

❄❄❄❄❄❄❄

ဒီနေ့တနေ့လုံး ခမ်း ကုမ္မဏီ သို့မသွားသလို
ညကျဖြစ်ပေါ်လာမည့် ဖြစ်စဥ်တွေကိုကြိုတင်
စီစဥ်နေလေသည်။ ထို့အတူ ခတ်ကလည်း
အရိပ်အမွှန်တော့ရိပ်မိနေလေသည်။ ခမ်းတစ်
ခုခု ကြံစည်နေတာကိုပေါ့။

သွန်းနဒီအခန်းကို မသွားစဖူးမနက်ကအခန်း
ထဲကထွက်လာတဲ့ ခမ်းကြောင့် ခတ်အံ့သြမှင်
သက်မိပေမဲ့ သူထင်ထားသမျှလွဲမှားနေသ
လား။ သွန်းနဒီဆိုတဲ့မိန်းမကို အယုံမှားလေ
တော့သလား စိတ်ထဲမသဲကွဲ။ အို ခမ်းကအရာ
ရာညံ့ဖျင်းတဲ့သူမှမဟုတ်လေစ။

ညနေစောင်းအချိန်ရောက်သည့်နှင့် သူ့ကိုစ
ကားပင်မပြောဘဲ မနက်တည်းကနေ စာကြည့်
ခန်းထဲဝင်နေသည့်လူက ညနေရောက်မှအခန်း
ထဲဝင်လာပြီး ရေချိုးခန်းထဲဝင်သွားလေသည်။

မနက်တုန်းကလည်း ထမင်းစားမလား ဘာလုပ်ပေးရမလဲဟုမေးချင်လို့ စာကြည့်ခန်း
နားကပ်လာပေမဲ့ အကိုသူရက ခမ်းကိုယ်တိုင်
ကဘယ်သူမှဝင်မလာဖို့မှာကြားထားလေသတဲ့။ ထိုလူကြီးတခုခု ကျိတ်ကြံနေသည့်မှာမ
လွဲပင်။ သူကိုယ်တိုင်အနားမကပ်ခိုင်းမှတော့
ခတ်ကလည်း ခပ်ခွာခွာနေပေးဖို့ဝန်မလေးချေ။

သို့ကြောင့်လည်း ခွဲခွာရမည့်အသိတစ်ခု
ကြောင့် စီးနှင်လာတဲ့ရထားလေးပေါ်ကအရိပ်
အယောင်ပြရင်း နီးရာဘူတာအရောက်မှာ
ဆင်းသက်ရမယ်ဆိုတာက ကြိုလင့်လိုနေလေ
ပြီ။

ရေချိုးခန်းထဲကထွက်လာတဲ့ ခမ်းကို ပြာပြာ
သလဲ သဘက်ပေးလိုက်ပြီး အဝတ်အစားကို
အဆင့်သင့်ထုတ်ပေးလိုက်လေသည်။ အခုထိ
တော့ သူလုပ်နေသမျှ တခွန်းမှ တစိုးတစီဟန့်
တားခြင်းမရှိသေး။ သူလည်းအတင့်ရဲစွာဖြင့်
အကျီကြယ်သီးတွေကိုတပ်ပေးပြီး နက်ကတိုင် စီးပေးလိုက်ပေမဲ့ အင်းးးးးငြိမ်
ချက်သားကောင်းနေသေးသည်။

"ခင်ဗျား လုပ်မဲ့အရာမှန်သမျှ အဆင်ပြေပါ
စေလို့ ဆုတောင်းနေမယ်"

ကကြိုးရုပ်[ Complete ]Where stories live. Discover now