Chapter....50

12.2K 590 54
                                    

"ဘာလုပ်နေတာလဲ ဝင်လေ"

ခမ်းခေါ်လာတဲ့နောက်သို့ ခက်လိုက်ပါလာပြီး
ရင်ဆိုင်တွေဆုံ ခြေချမိရာစံအိမ်ကြီး။
ကြီးမားခန့်ညားပြီး လှပတဲ့စံအိမ်ကြီးကို ဘာ
လို့လဲမသိ ခက်စိတ်ထဲဘဝင်မတွေ့လှပေ။ဘေးဘီဝဲရာသို့ မျက်စီကစားလိုက်ရာတွင်
သူအားဝိုင်းကြည့်နေလေသည့် မျက်လုံးပေါင်းများစွာ ထိုအကြည့်တွေကို
ခတ် လုံးဝမကြိုက်ပေ။

"မင်းတို့ဘာကြည့်နေတာလဲ စောက်လုံးတွေ
ကိုကန်းသွားအောင်လုပ်လိုက်ရမလား"

ခမ်းရဲ့ စကားကဒီစံအိမ်ရဲ့အမိန့်လိုဘဲဆိုတာ
ခတ်ကောင်းကောင်းသိလိုက်လေသည်။ခုနက
ပြူးပြဲကြည့်နေတဲ့ မျက်လုံးတွေက ရိုကျိုးစွာ
ခေါင်းငုံ့သွားကြလေသည်။

သူတို့ရဲ့အကြည့်တွေက မတွေ့ရတော့ဘူးဟု
ထင်ထားသည့်သူကို ပြန်တွေ့တဲ့သူလိုမျိုးပင်။
သူရကတော့ Linnကိုဂရုတစိုက်ပုံစံနဲ့ဖေးမ
ပြီးဘေးနားကအရိပ်တကြည့်ကြည့်။ညကတစ်ခုခု အကြောင်းထူးခဲ့သည့်ပုံပင်..

"ကိုကိုပြန်လာပြီလား သွန်းကသတိရနေတာ
ကိုကိုမရှိချိန်ဆေးလည်းကောင်းကောင်း
သောက်ပြီး လိမ်မာအောင်နေတယ်သိလား..
သူ...သူကဘယ်လိုရောက်လာတာလဲ သူကို
ဘယ်ကတွေ့လာခဲ့တာလဲ"

"သူအိမ်သူပြန်လာတာဘာလို့လဲ မင်းကမ
ကြိုက်လို့လား"

"မဟုတ်ပါဘူး သွန်းကပြန်တွေ့ရလို့ဝမ်းသာ
သွားတာပါ သူကိုပြန်တွေ့မှ ကိုကိုလည်းပျော်
မှာလေ"

"နှုတ်ဆက်လိုက် သူကသွန်းနဒီတဲ့"

ခတ် ခေါင်းငြိမ့်ပြီး စကားတုန့်ပြန်ပြောမိအ
ခိုက် ထိုမိန်းကလေးကသူအားတရင်းတနှီး
ဆက်ဆံသလိုမျိုးဖြင့် အနားကပ်ကာလက်ကို
ဆုပ်ကိုင်၍ဖက်ထားလေသည်။

"နင်ပြန်လာသေးတယ်နော် ဒီတခါတော့ကံမ
ကောင်းနိင်တော့ဘူး"

နားနားကပ်၍ အံ့ကြိတ်ကာ သူကြားရုံမျှလေ
သံခပ်ဖိဖိပြောလိုက်သောကြောင့် ခတ် ခနတာ
မျှအံ့သြမိပြီး ထိုမိန်းကလေးကိုသာ စူးရဲစွာ
စိုက်ကြည့်နေလိုက်လေသည်။

"အသက်က ခရီးပန်းလာမှာပေါ့ ကိုကိုလည်း
အနားယူတော့လေ ကိုကိုစားဖို့အတွက်သွန်း
ဟင်းတွေချက်ထားတာပြန်နွှေးလိုက်မယ်"

ကကြိုးရုပ်[ Complete ]Where stories live. Discover now