Chapter...17

14.6K 761 51
                                    

ဒဏ်ရာများနှင့်ပြန်ပါသွားသောသွန်းနဒီကိုကြည့်ပြီး....ခမ်းအနေနဲ့ကျေနပ်အားရသောအပြုံးနဲ့သာနှုတ်ဆက်လိုက်လေသည်...။

ဘွားဘွားကတော့အခုဖြစ်စဥ်က်ိုစိတ်ထဲဘဝင်မကျပေမဲ့...ခမ်းကိုတော့မတားရဲ...ဝင်မစွပ်ဖက်ရဲ...သူလုပ်တဲ့အပြစ်ဒဏ်သူပြန်ခံရတာဘဲဟုသာစိတ်ပိုင်းဖြတ်ထားပြီးတော့သာ...ခမ်းရဲ့အပြစ်ပေးသမျှကို...သွန်းနဒီကိုသာခံခိုင်းလိုက်ရလေသည်...။

ထို့သိုဝင်မစွပ်ဖက်နိင်အောင်လည်းခမ်းအနေနဲ့
အင်အားကြီးမားပြီးသြဇာအပြည့်ရှိအောင်ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီးကြိုးစားခဲ့ရတာမဟုတ်လား...။

အခုချိန်မှာတော့...ခမ်းဟာသြဇာကြွယ်ဝပြီးချမ်းသာကာဂုဏ်ရှိန်ပြင်းတဲ့သူတစ်ယောက်လေဘဲ...ပြီးတော့ဘယ်သူကိုမှမကြောက်တတ်တဲ့
ခေါင်းဆောင်တစ်ယောက်ပေဘဲ...။

"တစ်ယောက်ကိုတော့စိတ်ကျေနပ်အောင်အပြစ်ဒဏ်ပေးပြီးပြီ...ဟိုခွေးကောင်ဘဲရှိတော့တယ်...သူကို့တော့ပိုပြီးလှပစွာအပြစ်ဒဏ်ပေးရအောင်...အဲ့မတိုင်ခင်ငါ့တပည့်တွေကိုသင်ပေးစရာတွေသင်ပေးရမယ်..."

ခမ်းရဲ့စကားဆုံးသည့်နှင့်တပည့်များစွာကမျက်နှာလေးအောက်ချလျက်...မျက်နှာငယ်လေးတွေဖြင့်ကြောက်ရွံနေကြလေသည်..။

ခမ်းဆိုသည်လူက...ရက်စက်ပြီဆိုရင်နှစ်ယောက်မရှိသည့်လူမျိုး...ဒါကိုလည်းတပည့်တွေကကောင်းကောင်းသိကြလေသည်..သူရကတော့အထွေးအထူးကြောက်နေတာထက်...
အသက်ဖြစ်ခဲ့တဲ့ကိစ္စကသူနဲ့မကင်းဘူးဆိုပြီးသားစိတ်မကောင်းဖြစ်နေမိလေသည်..။

"ငါတပည့်တွေက...လက်ရုံးရည်ပြည့်ဝပေမဲ့.နှလုံးရည်ကျသိပ်ကိုတုံးအကြတယ်...ငါ့အိမ်ကြီးကိုမီးရှို့သွားရင်တောင်သိကြမဲ့ကောင်တွေတစ်ကောင်မှမပါဘူး...အဲ့တော့ငါ့တပည်တွေကိုသေချာသင်ပေးရတာပေါ့...."

ခပ်ရဲ့ရဲ့အပြုံးနှင့်အတူလျင်မြန်စွာပင်တန်းစီရပ်နေသောတပည့်တွေကို...လက်ထဲတွင်ကိုင်ထားသည့်သံတုတ်ဖြင့်သမလေတော့သည်..။

"အဲ့ဒါ...ငါသည်းသက်ကိုမစောင့်ရှောက်နိင်လို့...ငါ့သည်းသက်ကိုသေချာမစောင့်ကြည့်လို့...​ခေွးမသားတွေမင်းတို့စောက်သုံးကိုမကျကြဘူး...ငါ့တပည့်တွေလို့တောင်မခေါ်ထိုက်ဘူး...မင်းတို့ထမိန်ပတ်ပြီးစျေးလှည့်ရောင်းဖို့လောက်ဘဲတန်တယ်..."

ကကြိုးရုပ်[ Complete ]Where stories live. Discover now