Chapter...31

10.1K 598 16
                                    

အသက်ကို စိတ်မနှံသူ အရူးတစ်ယောက်ဟု
ပြော​လေ့ရှိသည့် သွန်းနဒီပုံစံကအခုဆိုရင်
တော့ သူပြောတဲ့အရာတွေက သူပြန်ဖြစ်နေ
သလိုပင်...။

အခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း
ကျိတ်မနိင်ခဲမရဖြစ်ပြီး အံ့ကြိတ်ပြီး ဆံပင်
တွေကိုဖွလိုက် မျက်နှာကိုပွတ်လိုက်နဲ့ အကြံ
ထုတ်နေလေသည်...သူမ ဒီအိမ်ကိုရောက်
တောင်ရောက်နေပြီဆိုမှတော့ ဒီတိုင်းတော့သူ
ထွက်မသွားနိင် ကိုကိုအချစ်ကိုရဖို့နဲ့ အသက်
ကိုဒီအိမ်ကမောင်းထုတ်ဖို့ အသက်ကို ကိုကို
မုန်းသွားဖို့က သူရဲ့ ဖြစ်ချင်ဆုံးဆန္ဒတွေဘဲမ
ဟုတ်လား.....။

သွန်းသေမှ ကိုကိုသူနဲ့လက်ထပ်ရလိမ့််မယ်
သူသေအောင်လို့လည်း သွန်းကမရရအောင်
သတ်ပစ်မှာမို့လို့ဘဲ

"အားလုံးကိုမှာထားမယ် ငါ အိမ်မှာမရှိချိန်
အပေါ်ထပ်ကိုဘယ်သူမှမသွားနဲ့ အိမ်တော်
ထိန်းကလွဲရင် ငါမှာထားသလိုမဖြစ်လာလို့
ကတော့ အဲ့လူကိုငါကိုယ်တိုင်နာကျင်အောင် အပြစ်ပေးမှာမို့လို့ဘဲ အဓိက ဟိုမိန်းမကို အ
သက်အနားမကပ်စေနဲ့ အသက်တစ်ခုခုဖြစ်လို့
ကတော့ ဒီတစ်ခါမင်းတို့အသက်ကိုပါပေးရ
မယ်..."

ဒါက ကုမ္မဏီ ကိုခမ်းမသွားခင် အမြဲမှာနေကြ
ပေမဲ့ သွန်းနဒီ ဒီအိမ်ကိုရောက်ပြီးနောက်ပိုင်း
ပို၍ မှာကြားရလေသည်...သွန်းနဒီဆိုတဲ့မိန်းမ
က အသက်ကို ဘယ်လိုကြံစည်လိမ့်မည်ဆို
တာမသေချာသေ....သူကိုယ်တိုင်လည်း ကိစ္စ
တစ်ခုကို အတည်ပြုချင်သေးတာကြောင့် ထို.မိန်းမကို အိမ်ကနေမောင်းမချသေးတာ
ဖြစ်သည်...။

ခမ်း အိမ်ကထွက်သွားတာကို ချောင်းနေတဲ့ သွန်းနဒီကတော့ အိမ်ပေါ်သို့ ဘယ်သူမှမသိ
အောင်တတ်မည်အပြု....

"Bossကမှာသွားတယ် အိမ်ပေါ်ထပ်ကိုဘယ်
သူမှတတ်ခွင့် မရှိဘူး အခန်းထဲသာပြန်ပါ.."

"အခိုင်းအစေကအခိုင်းစေလိုမနေဘူး ငါကအ
ရုပ်မဟုတ်ဘူး အိမ်ကြီးထဲ လေကောင်းလေ
သန့်ရှုချင်လို့ လှည့်ပတ်ကြည့်မလို့ ငါကိုဘယ်
သူမှတ်နေလို့လဲ "

"မမလေးဘယ်သူဆိုတာ မသိချင်ပါဘူး ကျွန်
တော်တို့သိတာက မမလေးပြောတာနားမ ထောင်ရင် Bossကိုဖုန်းဆက်ရလိမ့်မယ် "

ကကြိုးရုပ်[ Complete ]Where stories live. Discover now