Chapter...57

13.6K 671 17
                                    

ပျော်ရွှင်ကြည်နူးမူတွေ စိတ်လှုပ်ရှားရင်ခုန်မူ
တွေ မယုံကြည်နိင်လောက်တဲ့မြင်ကွင်းနဲ့
အံ့သြငေးမောမူတွေကြုံလာခဲ့ရင် တခဏ
လောက်တော့ မှင်သက်သွားကြလိမ့်မည်။

ထိုသို့ပင် ခပ်ဆူဆူဗိုက်ဖောင်းလေးကိုလှန်ပြ
ပြီး ပိုင်ရှင်ဖြစ်သူကိုလာပြသည့် အသက်ရဲ့
တီတာ​ပြောလေသည့် ပုံစံလေးကြောင့် ခမ်းမှာအချစ်ပိုရသလို ဗိုက်ပူပူလေးကိုလည်း
မချင့်မရဲ လှမ်းကိုင်လိုက်လေသည်။

"လုံးလုံးလေး ပါးပါးကိုနှုတ်ဆက်လိုက်ဦး
ပါးပါးရေ မုန့်မုန့်များကြီးကျွေးပါနော်လို့"

"ဗိုက် ဗိုက်ကဘာလို့ပူနေတာလဲ ဧကန္တ"

ခမ်း ဆက်ပြောလာမည့်စကားကို အသက်က
မျက်လုံးဝိုင်းလေးတွေနှင့် ပြူးကြည့်နေသလို
သူရကလည်း သူ့Bossဘာဆက်ပြောမလဲဟု
အာရုံစိုက်ပြီး မျက်လုံးပြူးကြည့်လိုက်လေ
သည်။

"ဧကန္တ ဒီဟာက အသက်ရောဂါတခုခုဖြစ်နေ
တာမလား ဦးကြောင့်ပါကွာ ဦးပစ်ထားခဲ့မိလို့
ဦးဂရုမစိုက်မိလို့ အခုလိုဗိုက်လေးပူသွားရ
တာ သူရ ဆရာဝန်အမြန်ခေါ်တော့"

"မဟုတ်ဘူး မဟုတ်ဘူးလို့ လုံးလုံးလေးရှိနေ
တာလို့ လုံးလုံးလေးလို့"

"ဦးနားလည်ပါတယ်ကလေးရယ် အသက်ကို
ဆရာဝန်နဲ့သေချာကုပေးမယ်နော် လာအခန်း
ထဲသွားရအောင် ဦးအပြစ်တွေ"

"မဟုတ်ဘူး အီးဟီး လုံးလုံးလေးရှိနေတာ
လုံးလုံးလေးက ဒီဗိုက်ထဲရှိနေတာ တကယ်
ပြောနေတာ အီးဟီး ဟင့်"

ကြမ်းပြင်ပေါ် ငိုယိုပြီး သူပြောတာမယုံရ
ကောင်းလားဆိုတဲ့အမူအရာလေးဖြင့် ငုတ်
တုတ်ခြေဆင်းထိုင်ပြီး ခြေပစ်လက်ပစ် ကလေးလေးလိုငိုကာ သူ့ရဲ့ဗိုက်ပူလေးကို
ခမ်းကိုမော့ကြည့်ပြီးပြနေလေသည်။

"မငိုပါနဲ့သည်းသက်လေးရယ် ဦးကရောဂါ
ဖြစ်နေရင်ပျောက်အောင်လို့ပါ ဦးချီမယ်နော်"

"လာချီနဲ့ သွား မခေါ်ဘူး တကယ်ပြောနေတာ
လုံးလုံးလေးကဟော့ဒီမှာလို့ အီးဟီး"

သူ့ကိုအထိမခံဘဲ ဝမ်းနည်းပက်လက်သူမှန်
ကြောင်းပြောနေသည့် အသက်ကို ခမ်းမရမ
ကပွေ့ချီလိုက်ပြီး အခန်းထဲခေါ်သွားလေသည်
။ ခမ်းရဲ့လက်ထဲ ရုမ်းကန်ရင်းကော့လန်နေ
အောင် ငိုရင်းပါသွားသောအသက်ပင်။

ကကြိုးရုပ်[ Complete ]Where stories live. Discover now