မိတ်ဆက်

30.7K 1.3K 66
                                    

(Unicode+Zawgyi)

လူဝင်စား...

ဒီကမ္ဘာမှာလူပေါင်းသန်းကျော်ရှိပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ပုရိသမဟုတ် ဣိတ္ထိယမဟုတ်တဲ့သူရဲ့လူဝင်စားဘဝကိုရတယ်။

လူဝင်စား...

ကျုပ်ဘဝမှာ အဲ့စကားကို မကြာခဏကြားရလေ့ရှိတယ်။ အဲ့စကားကိုကြားချိန်တိုင်း ကျုပ်ကြက်သီးဖြန်းဖြန်းထရတယ်။ ရွာထဲမှာ ငေါ့ကြတဲ့မေးဖျားတွေ၊ ပြောကြတဲ့ပါးစပ်ဖျားတွေကြားထဲ ကျုပ်ဘဝဟာ မြက်ရိုင်းဖြစ်လာခဲ့ရတယ်။

လူဝင်စား...

အဲ့ဒီဝေါဟာရရဲ့အကျိုးဆက်က ကျုပ်ကျောင်းနေလို့မရဘူး။ ကျုပ်ပညာရေးက ၄တန်းမှာရပ်တန့်သွားတယ်။ ကျုပ်ငယ်ငယ်ကစိတ်ကူးယဉ်ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ကျုပ်အတွက်တော့ အဟောသိကံဖြစ်သွားတယ်။

လူဝင်စား...

အဆိုးဆုံးအချက်က ကျုပ်ကလူဝင်စားမို့လို့ ကျုပ်အစ်မကကျုပ်ကို အလွန်မုန်းတီးတယ်။ ကျုပ်မိသားစုက ကျုပ်အတွက်ရှက်ကြတယ်။ လူတကာကိုမိတ်ဆက်ပေးရမှာကြောက်ကြတယ်။

လူဝင်စား...

ကျုပ်ရဲ့ခံယူစိတ်တွေ၊ ခံယူချက်တွေက လူဝင်စားဖြစ်တာကြောင့် ကွဲပြားနေခဲ့တယ်။ ကျုပ်ဟာ ယောက်ျားစင်စစ်ဖြစ်ပါလျက် မိန်းကလေးတွေကိုမနှစ်သက်တတ်တဲ့အတွက် လူတွေရဲ့ရွံစရာသဖွယ် ဖဲကြဉ်ခြင်းကိုခံရတယ်။

ဒါတွေအားလုံးကြောင့် ကျုပ်ရဲ့ဘဝကို သိပ်စက်ဆုပ်တယ်။ 'လူဝင်စား' ဆိုတာကို အော့မိတယ်။ ဒါပေမယ့် 'သူ'တစ်ယောက်ကြောင့် ကျုပ်ဘဝကို အရှိအတိုင်းလက်ခံလာနိုင်ခဲ့တယ်၊ စတင် ကျေနပ်လာနိုင်ခဲ့တယ်။

နောက်တစ်ခုရှိသေးတယ်။ လူဝင်စား... 'သူ'က အဲ့ဒီအက္ခရာတွေနဲ့ပတ်သက်တဲ့ ကျုပ်မဟုတ်တဲ့နောက်ထပ်လူတစ်ယောက်...

ဒီရွှေညာမြေမှာ ကျုပ်နဲ့'သူ'နဲ့ကမယ့်နှစ်ပါးသွားကို ခင်ဗျားတို့ရှု့စားကြည့်လိုက်ပါ...

🌾🌾

အပြုံးပန်း
ရွှေညာမြေမှနှစ်ပါးသွား

//////////////////////////////////

AN

မင်္ဂလာပါ။ ကျန်းမာတော်မူကြပါစရှင်....

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now