အပိုင်း(၂၀)

4.4K 580 135
                                    

(Unicode+Zawgyi)

ပန်းစံပယ် နန်းအလယ် မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ရုံပါ့
ခံပွင့်ကို ကုံး။
နန်းရဝေ မန်းမြေမှာစံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့တယ်
တောလေ့ရွာသုံး။ (ဒွေးချိုး)

ခံပွင့်လေးကတစ်ခိုင်နှစ်ခိုင်။ နန်း‌မြေမှာအခြေကျပြီလို့ထင်မိပါသော်လည်း ရာသီတစ်ခုအပြောင်းမှာတော့ တစ်နေရာကိုရွှေ့ရပြန်သည်။ နန်းဆောင်တွေထဲမှာ ရွှေလင်ပန်းနဲ့ ငွေကလပ်နဲ့ တယုတယကိုင်တွယ်ထားခံရမယ်ဆိုပြီး ပီတိဖြာရုံရှိသေး ရေစည်ပေါ်ကသွပ်ချပ်ပေါ်မှာ ပစ်ကြဲခံရပြန်သည်။

တကယ်တော့ ခံပွင့်လေးဟာအဖြည့်ခံနဲ့သိပ်တူ၏။ စံပယ်မလှိုင်သေးခင်တစ်ခဏမှာတော့ ဘုရင်မပန်းတစ်ပွင့်လို ကိုင်တွယ်ဆက်သကြပေမယ့် စံပယ်လှိုင်ချိန်ရောက်တော့ မေ့ပစ်ထားလိုက်ကြပြီး လှည့်တောင်မကြည့်ကြတော့ပေ။

ခံပွင့်လေးဟာ စံပယ်ပွင့်ရဲ့အဖြည့်ခံဆိုပြီး အင်မတန်ဝမ်းနည်းနေရှာပေမယ့် သူ့ကိုတန်ဖိုးထားကြမယ့် ကျေးလက်ရွာသူလေးတွေကြောင့် အလှပဆုံးထပ်ပြုံးလိုက်ပြန်သည်။ တစ်နေ့နေ့ စံပယ်တွေကုန်ချိန်မှာတော့ နန်းရဝေခန်းမဆောင်တွေဆီ ခံပွင့်လေးရောက်နိုင်ဦးမှာဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးနဲ့။

"မင်းပျို! မင်းပျို! မင်းပျို!"

မိန်းမတစ်ယောက်ရဲ့အသံကျယ်သည် ပုဂံမြေကိုတုန်ဟီးလုနီးတဲ့အဖြစ်သို့ ရောက်စေသည်။ ဒေါသပါနေတဲ့အသံဟာ မင်းပျိုကိုခေါ်တနေတာကြောင့် မင်းပျို အနည်းငယ်ထိတ်လန့်သွားသည်။

"ဗျာ မမကြီး"

"မင်းအခန်းထဲသွားရအောင်"

အပြင်ကပြန်လာတဲ့ဒေါ်အေးပျိုက စိတ်ဆိုးမာန်ဆိုးဖြစ်နေပုံရသည်။ မင်းပျိုနာမည်ကို အိမ်ပေါက်ဝကတည်းကအော်လာတာကြောင့် အိမ်ကလူတွေ ရုတ်သဲသဲဖြစ်ကုန်၏။ ဒေါ်အေးပျိုက သူ့ရဲ့အမျက်မာန်ကို အခြားသူတွေအား မတွေ့စေရန်အလို့ငှာ မင်းပျိုအခန်းထဲသို့သွားရန်ခေါ်လေသည်။

မင်းပျိုက သူ့အစ်မဘာဖြစ်လာမှန်းမသိတာကြောင့် စိတ်လှုပ်ရှားနေရသည်။ ထို့အပြင် သူ့အစ်မရဲ့ဒေါသူပုန်ထတဲ့အမူအရာတွေကို အခုမှပထမဆုံးမြင်ဖူးတာကြောင့် မောင်ငယ်လေးစိုးရိမ်နေရရှာ၏။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now