အပိုင်း(၇)

5.7K 754 73
                                    

(Unicode+Zawgyi)

တန်ဆောင်မုန်းတွင် ဆီးနှင်းတစ်ဖြိုက် မိုးတစ်လိုက်

အညာဒေသရဲ့ဆောင်းရာသီကို တန်ဆောင်မုန်းရဲ့မြူမျှင်များဖြင့် လေးပင်စွာစလိုက်သည်။ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမဘေးတွင်တည်ရှိသော ထနောင်းကျစ်ကျေးရွာအုပ်စုထဲမှ ထနောင်းကျစ်ရွာတွင်တော့ ဆောင်းသီးနှံများကို ရိတ်သိမ်းစပြုနေကြပြီ။

ရွာအဝင်ခပ်လှမ်းလှမ်းက ဝဲယာထနောင်းပင်တွေရဲ့ဝန်းရံခြင်းကိုခံထားရသော လယ်မြေယာမြေများတွင် နွားတွေနှင့်ထွန်ယက်နေကြသူများနဲ့ ထွန်စက်အသုံးပြုကာ သိမ်းကော်နေကြသူများဖြင့် စည်ကားလို့နေသည်။

ကျေးရွာတွင်းသို့ဝင်တဲ့လမ်းကတော့ ဖုန်ထူထူမြေဝါလမ်းဖြစ်သည်။ မိုးသည်းတဲ့နေ့တွေကလွဲပြီး အချိန်တိုင်း သဲတွေဝဲလွင့်လျက်ရှိ၏။ ထနောင်းကျစ်ရွာရဲ့ ရွာနီးချင်းများဖြစ်ကြသော ဖျောက်ဆိပ်ပင်ရွာနဲ့ ကွန်းစင်ကြယ်ရွာဆီသို့ တိုက်ရိုက်သွားနိုင်ရန်ဖောက်ထားသောလမ်းကျဉ်းလေးမှာ နွားလှည်းတွေခြေချင်းလိမ်နေကြပြီး နွားခလောက်သံဆူညံနေသည်။

ထနောင်းကျစ်ရွာမှာတော့ အတော်အသင့်ချောင်လည်သူများစွာရှိသည်။ အိုဟောင်းနေတဲ့တဲငယ်နဲ့နေရသူများ အင်မတန်နည်းပါး၏။ ရိုးရိုးပျဉ်ထောင်အိမ်၊ ခြေတံရှည်ပျဉ်ထောင်အိမ်များအပြင် တိုက်ခံပျဉ်ထောင်အိမ်များလည်း တစ်လုံးစနှစ်လုံးစရှိသည်ထိ ပြေလည်သူတွေရှိသည်။

ထနောင်းကျစ်ရွာရဲ့အနောက်ဘက် ရွာအနောက်တံခါးဘေးမှာ ရေညိုရစ်တို့နေကြသည်။ ကျယ်ဝန်းတဲ့ခြံဝိုင်းကြီးထဲမှာ ရေညိုရစ်တို့အိမ်က ခြေတံရှည်ပျဉ်ထောင်အိမ်။ အိမ်ရှေ့ထောင့်စွန်းမှာ ဇွန်ပန်းရုံနှစ်ရုံဝန်းရံထားတဲ့ ကျောက်ရေစည်ရှိသည်။ ခနော်နီခနော်နဲ့ခြံစည်းရိုးက ဝါးကပ်တွေသာကာထား၏။ အိမ်မကြီးရဲ့ဘေးမှာတော့ မီးဖိုဆောင်ဟူ၍ ထရံကာအိမ်ငယ်သေးသေးလေးရှိသည်။ ခြံဝန်းကြီးရဲ့တောင်ဘက်စွန်းမှာတော့ ရေညိုရစ်အိပ်စက်ရာ ဆုံတဲရှိသည်။ ရွာထဲကဧည့်သည်ဆောင်သည်တွေ၊ ကလေးတွေက ရေညိုရစ်ဆုံတဲကိုဓာတ်ကျ,ကျသည်။ အိမ်ကိုအလည်လာတိုင်း ဆုံတဲဆီသာ ပြေးပြေးသွားကြသည်။ ဆုံတဲဘေးမှာတော့ ရေညိုရစ်တို့အပိုင် နွားတစ်ရှဉ်းနဲ့ တင်းကုပ်တစ်ခုရှိသည်။ တင်းကုပ်ဘေးမှာမှ အိမ်သာတစ်လုံးကပ်ဆောက်ထားသည်။ အညာ‌တို့ရဲ့ထုံးစံအတိုင်း အိမ်သာသည် အိမ်ရှေ့မှာပုံ့ပုံ့လေးတည်ရှိနေ၏။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now