အပိုင်း(၂)

8.3K 1K 104
                                    

(Unicode+Zawgyi)

"အများကတော့ဆူဆူ ကျွန်မကတော့အသားဝါဖြူဖြူ×××မေတ္တာနာစင် သစ္စာလာရင်×××အညိုကဖြင့် ဝမ်းမြောက်မိပါသတဲ့ရှင်×××"

သီချင်းလေးဆိုသည်။ ကတုံးဆံပင်ပေါက်ခေါင်းပေါ်မှာ စောင်ပါးတစ်ထည်ခြုံ၍ ဆံပင်ရှည်သဏ္ဌာန်လုပ်ထားသည်။ နောက်ထပ်စောင်ပါးတစ်ထည်ကိုတော့ ကိုယ်ခန္ဓာမှာလွှမ်းခြုံ၍ ထိုင်မသိမ်းပုံစံ ဆင်မြန်းထားသည်။ ထိုစောင်ပါးအောက်ခြေကို ခြေဖနောင့်လေးဖြင့် တောက်ကာ ခါးလေးကော့လျက် သီချင်းတစ်ပုဒ်ကို အသံတိုးတိုးဖြင့်ဆိုသည်။

"ချစ်ခြင်းဆိုတာ အို အညို့အသည်းမှာ လောင်ကျွမ်းလုမျှ စွဲခဲ့ရပါသပေါ့×××ဆို ဆို တစ်ကြိမ်သာပဲ ယုံရဲတာတဲ့ကို××× ဪ သစ္စာ မေတ္တာ စကားသံကြားရင်လေ အညို့ရင်တော့ တုန်တုန်ခုန်သတဲ့ရှင်×××"

ပျော့ပျောင်းသောအသံဖြင့်ဆိုလိုက်တာ ကျယ်လောင်သွားသလားမပြောတတ်။ လင်းထွဋ်က ထရံပေါက်ကနေလာချောင်းကြည့်သည်။

ရေညိုရစ်ကိုယ်လေးတဆတ်ဆတ်ဖြင့် လည်နေအောင်ကသည်။ ‌ဖနောင့်ကလည်း စောင်စကိုတော့ကာတော့ကာ လက်ကလည်း သွယ်ကာညွတ်နေပြီး အချိုးကျလှစွာကသည်။

ထရံကာအိမ်လေးတစ်လုံးထဲမှ သနပ်ခါးစက်တွေများစွာစင်နေတဲ့ ခပ်မှိုင်းမှိုင်းမှန်တစ်ချပ်ပေါ်က ရေညိုရစ်ရဲ့ပုံစံသည် ရေညိုရစ်မျက်လုံးထဲတွင် ကင်းစင်မီးများအောက်က ပျဉ်ချပ်များပေါ်၌ ငွေချည်ထိုးဝတ်စုံဖြင့် ကပြနေတဲ့အသွင်ကဲ့သို့ မြင်ယောင်နေသည်။ နားတွင်လည်း လက်ခုပ်လက်ဝါးတီးသံများ၊ လက်ခေါက်မှုတ်သံများ တော်တော်နဲ့မစဲနိုင်အောင် ကြွက်ကြွက်ညံအားပေးနေတယ်ဟူ၍ ကြားယောင်နေသည်။

"ရေညိုရစ်! နင်ဒါဘာလုပ်နေတာတုန်း!"

ထိုအချိန်တွင် ဒေါ်မာဦးရဲ့အသံက နောက်မှထွက်ပေါ်လာသည်။ ခပ်မြန်မြန်ခြေလှမ်းလှမ်းကာ အနောက်ကနေ ရေညိုရစ်ခေါင်းကစောင်စကိုဆွဲသည်။ ရေညိုရစ်ကရှောင်သည်။

"နင်ဒါဘာဖြစ်ရပြန်တာတုန်း၊ ဘာလုပ်ပြန်တာတုန်းတော်"

ဒေါ်မာဦးက ဒီတစ်ကြိမ် ဒေါသသံထက် သောကသံများစွက်၍ ရေညိုရစ်ကိုတည့်တည့်ကြည့်ကာပြောသည်။ ရေညိုရစ်က ဒေါ်မာဦးကို မျက်လုံးသေဖြင့်တစ်ချက်ကြည့်ကာ ခေါင်းကိုဆတ်ခနဲလှည့်သွားပြီးနောက်

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now