အပိုင်း(၂၄)

4.4K 585 187
                                    

(Unicode+Zawgyi)

အမြတ်နိုးဆုံးမင်းလေးရဲ့ပါးပြင်... နေလောင်မထိဖို့ကာကွယ်ပေးမိချင်...

အမြတ်နိုးမင်းလေးရဲ့အပြုံးတွေ...
ဘာကြောင့်နဲ့မှမညှိုးဖို့ကာကွယ်ပေးချင်...

အမြတ်နိုးဆုံးမင်းလေးရဲ့အကြည့်တွေ...
အရောင်တွေမဆိုးလည်းကျေနပ်စွာကာကွယ်ပေးချင်...

"Wow! ချိုလိုက်တာ၊ ချောင်းဆိုးတော့မှာပဲ"

ဒီလိုပြောတဲ့Skyရဲ့လက်ထဲက စားလက်စအုန်းထန်းလျက်ကို ရေညိုရစ်ကဆွဲယူကာ စားပစ်လိုက်သည်။

"ကိုအညို ဘာလုပ်တာလဲ"

"စားပစ်လိုက်တာလေ၊ ခင်ဗျားမျက်လုံးမမြင်ဖူးလား"

"ကျွန်တော်စားနေတာလေ"

"ဘာစားတာတုန်း၊ ချောင်းဆိုးတယ်ဆို၊ ကြေး(ဂျီး)လာများနေတယ်"

"ဟာဗျာ...ကျွန်တော်စားနေတာကို"

"ဟက် ဘာတုန်း၊ ခင်ဗျားကမကျေနပ်ဘူးလား၊ မကျေနပ်ရင် ဒီထဲကဟာကိုခင်ဗျားရအောင်စားပေါ့"

ရေညိုရစ်က သူ့ပါးစပ်ကိုလက်ညှိုးထိုး၍ပြောသည်။ Skyကတော့ အချိန်အတော်ကြာအောင်တိတ်ဆိတ်သွားသည်။ မျက်လုံးပြာတို့မှာမှေးစင်းလာပြီး တစ်စုံတစ်ရာအား လေးလေးနက်နက်တွေးတောနေဟန်ရှိသည်။ ရေညိုရစ်ကတော့ သူနိုင်သွားတဲ့သဏ္ဌာန်နဲ့ မျက်နှာချီလို့နေသည်။

ထိုစဉ် ရုတ်တရက် Skyက ရေညိုရစ်စိန်ခေါ်တဲ့အတိုင်းပြုမူလိုက်သည်။

"ချိုလိုက်တာဗျာ"

ရေညိုရစ်နှုတ်ခမ်းဆီက ကပ်နေတဲ့ထန်းလျက်မှုန်တွေကို ရုတ်တရက်စုတ်ယူစားသုံးလိုက်တဲ့Skyက ရေညိုရစ်မျက်နှာကိုစေ့စေ့မကြည့်လေပါ။ ရေညိုရစ်ကတော့ အတိုင်းအဆမရှိအောင်မြန်ဆန်လာတဲ့ ခုန်နှုန်းမြင့်ရင်ဘတ်ကို လက်နဲ့ဖိထားရင်း ခြေဖျားတွေဖြန်းခနဲအေးစက်သွားရသည်။

"ခင်ဗျားဘာလုပ်တာလဲ!"

"ထန်းလျက်စားတာလေ"

"ဒါကထန်းလျက်စားတယ်ခေါ်သလား"

"ဟုတ်ကဲ့...စားကောင်းတယ်ဗျ သိလား"

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now