အပိုင်း(၁၂)

5.1K 656 61
                                    

(Unicode+Zawgyi)

"နရပတိစည်သူမင်းက နတ်ရွာစံခါနီးမှာ သားတော်တွေထဲကတစ်ဦးကိုရစေချင်တယ်၊ ခက်တာက သူကိုယ်တိုင်ရွေးချယ်ပေးလို့မရဖြစ်နေတယ်၊ အကယ်၍ သားတော်တစ်ဦးကိုသာလက်ညှိုးထိုးရွေးပေးခဲ့ရင် သူနတ်ရွာစံပြီးနောက်မှ စစ်ပွဲတွေဖြစ်လာနိုင်တယ်"

"ကိုရီးယားနန်းတွင်းရုပ်ရှင်တွေထဲကလိုမလား၊ မိဖုရားတွေပါ,ပါလာပြီး ပြဿနာတွေတက်၊ လူတွေသတ်ကြတယ်"

"ဟုတ်တယ်၊ ဒါကိုကြိုမြင်လို့ နရပတိစည်သူမင်းက သားတွေရဲ့အလယ်မှာ ထီးဖြူတစ်ချောင်းကိုစိုက်လိုက်တယ်၊ ပြီးတော့ မင်းဖြစ်ထိုက်သူထံ ထီးဖြူယိမ်းပါလို့ အဓိဌာန်လိုက်တယ်၊ အဲ့မှာထီးဖြူက သူလိုလားတဲ့သားတော်‌ဇေယျသိင်္ခဘက်ယိမ်းရော၊ အဲ့လိုနဲ့ အဲ့ဒီသားတော်ကမင်းဖြစ်လာတယ်၊ ဒီလိုမျိုး ထီးကလည်းလို မင်းကလည်းလိုတဲ့အတွက် အဲ့သားတော်ကို ထီးလိုမင်းလိုမင်းလို့ခေါ်တွင်တယ်၊ သူတည်တဲ့ဟောသည့်ဘုရားကိုတော့ ထီးလိုမင်းလိုဘုရားလို့ နာမတွင်စေတယ်"

"နာမတွင်စေတယ်ဆိုတာက..."

"ဒါကျတော့မသိတော့ဘူးလားကိုယ့်လူ၊ ခင်ဗျားပဲ ဗမာစကားအလိုလိုတတ်တာပါဆို"

"ကိုရေညိုရစ်...မဖြေချင်လည်းနေဗျာ၊ ကျွန်တော်သွားပြီ"

Skyက သူပြန်စိတ်ကောက်ရန်အလှည့်ဟုမှတ်ယူလျက် ရေညိုရစ်ကိုထားခဲ့ကာ ဂူအတွင်းမှပြန်ထွက်သွားသည်။ ရေညိုရစ်ကတော့ Skyရဲ့မထင်မှတ်ထားတဲ့အပြုအမူကြောင့် အနောက်ကနေပြေးလိုက်ရသည်။

"ကိုယ့်လူ ကိုယ့်လူ..."

"ဘာလဲ"

"ဟော...စိတ်ကောက်တဲ့ယောက်ျားများကို ကျုပ်သိပ်မုန်းဗျာ"

"ဒါဆို ကိုအညိုကကျွန်တော့်ကိုမုန်းတယ်ပေါ့"

"မဟုတ်တာကိုယ့်လူရာ၊ ကျုပ်မမုန်းပါဘူး"

"မမုန်းဘူးဆိုတော့...."

Skyကနောက်ချင်ပြောင်ချင်စိတ်နဲ့ပြောလိုက်တဲ့စကားက ရေညိုရစ်ကို တံတွေးနင်စေသည်။ ရေညိုရစ်ဟာ ဘယ်လိုစိတ်မျိုးရှိတဲ့ယောက်ျားတစ်ယောက်လဲဆိုတာ Skyမသိဘဲ ‌မေးချင်ရာတွေဇွတ်ကိုမေးချနေတာလားမပြောတတ်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now