အပိုင်း(၂၂)

4.8K 583 113
                                    

(Unicode+Zawgyi)

ပုဂံပြည်ကိုရောက်တဲ့အခါ...
ပုဂံမှာသာတဲ့လကိုကြည့်ပါ
ထန်းပင်တွေနဲ့ယာခင်းကိုကြည့်ပါ
အရုဏ်ဦးကိုမနက်စာစားပါ
နေလုံးနီနီကိုလက်ဆောင်ယူသွားပါ ဝါးထရံနဲ့ဆောက်တဲ့အိမ်မှာတည်းပါ
အဖြူရောင်ပြတင်းပေါက်ရှိတဲ့အိမ်ကိုလိုက်ရှာပါ
အကြော်စုံဆိုင်လေးမှာထိုင်ပါ
ကိုယ့်ချစ်သူကိုတစိမ့်စိမ့်သောက်ပါ
ကဗျာတွေနဲ့စကားမများပါနဲ့
ကမ္ဘာလှည့်ခရီးသွားတွေကိုနှုတ်ဆက်ပါ
သံသရာခရီးသည်တွေကိုလက်ပြပါ
ရာဇဝင်နဲ့စကားစမြည်ပြောပါ
အတိတ်ကိုပြန်ရှာပါ ကိုယ့်သမိုင်းကိုယ်လည်းပြန်ရှာပါ
အာနန္ဒာကိုငေးကြည့်ပါ ဓမ္မရံကြီးကိုမေးခွန်းထုတ်ပါ
သရပါကျုံးထဲမှာလှေစီးပါ
မနူဟာဘုရင်ရဲ့နှလုံးသားကိုဝင်ကြည့်ပါ
ဧရာဝတီသခင်မကိုလူနာသွားမေးပါ
နေဝင်ချိန်နောက်ကျတတ်တယ် သူငယ်ချင်းတွေမေ့ပျောက်တတ်တယ်
လာမယ့်သူတွေလည်းလှည့်ပြန်တတ်တယ်
ကျွန်တော်လည်းအခြားခရီးသွားတတ်ပြန်တယ် (ချစ်မင်းအိမ်-ပုဂံပြည်)

တစ်နေ့လုံးမျှော်နေခဲ့သည်။ တစ်မနက်လုံး၊ တစ်နေ့ခင်းလုံး၊ တစ်ညနေလုံး၊ တစ်ညလုံး မျှော် မျှော် မျှော်နေခဲ့သည်။ ထိုင်ရာမထဖင်မကြွဘဲ ကွပ်ပျစ်ကိုသာအဖော်ပြုကာ ငြိမ်သက်စွာထိုင်နေသည်။ ဗိုက်ဆာလည်းဆာ၊ ရေဆာလည်းဆာ မျှော်နေသူမလာတဲ့နောက်မှာ သမုဒ္ဒရာဝမ်းတစ်ထွာဆိုတာ လက်ဖျောက်တစ်ချက်တီးစာလောက်သာ ကျယ်ဝန်းနိုင်သည်။ ဒါပေမယ့် မျှော်နေရတဲ့စိတ်ကြောင့် မောနေရတဲ့နှလုံးသားရဲ့ အလွမ်းထုထည်ထုသားကတော့ တောင်စဉ်တောင်တန်းအသွယ်အသွယ်ရဲ့အလျားအနံနဲ့ ထပ်တူကျမလားမသိရလောက်အောင် ကြီးမားလွန်းပါ၏။

ခြံဝန်းပြင်ထွက်လိုက်၊ အိမ်ထဲဝင်လိုက်၊ ကွပ်ပျစ်မှာပြန်ထိုင်လိုက်နဲ့ ဆက်သွယ်လို့မရနိုင်တဲ့လူတစ်ယောက်ကို လာနိုး၊ လာနိုးနဲ့ လာနိုးငယ်မျှော်နေရတာ သိပ်ဝမ်းနည်းစရာကောင်းသည်။ ဒီလိုတွေဖြစ်ပျက်ခံစားနေရမယ်ဆိုတာ တစ်ဖက်လူကမသိရကောင်းလား၊ သိလျက်နဲ့များ လျစ်လျူရှူ့ထားသလား။ ခန့်မှန်းခြေနဲ့တောင် ပြောမထွက်၊ တွေးမရက်တာမျိုးက ကိုယ့်ရဲ့စိတ်ကြောင့်သာပဲ။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now