အပိုင်း(၁၃)

4.5K 670 115
                                    

(Unicode+Zawgyi)

ပုဂံကသိပ်လှတယ်...

နေဝင်ချိန်ဆိုအလှဆုံးပဲ...

ဆည်းဆာကြွင်းရောင်နဲ့ ဓမ္မရံကြီးကိုတွဲမြင်ရရင် ကျောချမ်းဝမ်းနည်းတယ်...

ပုဂံကသိပ်လှတယ်...

နေထွက်ချိန်ဆိုအလှဆုံးပဲ...

မိုးသောက်ရောင်နီနဲ့ တုရင်တောင်ကိုတွဲမြင်ရရင် ကြည်နူးပျော်မွေ့တယ်...

တုရင်တောင်... စောင်းတန်းလေးကလူသိပ်ဆိတ်တယ်နော်... လှေကားထစ်တွေများတော့တက်ရတာမောတယ်...

ရင်ပြင်ကအမြင့်ကြီးပဲ...
ညောင်ဦးမြို့ကိုခြုံမြင်ရတယ်...
ဘုရားကလည်းသိပ်သပ္ပာယ်တယ်...

သစ္စာဆိုရအောင်...
သစ္စာ...

အင်း... သစ္စာ... ရောက်လေရာဘဝတိုင်းပေါင်းဖက်နိုင်ဖို့...

ရှက်စရာကြီးရယ်... ဘုရားရှေ့မှာ...

ဒါဖြင့် မဆိုချင်ဘူးပေါ့...

နောက်ဘဝဆိုတာတကယ်ရှိဦးမှာပေါ့... နောင်ဘဝတွေကျရင်လည်း ဒီလိုဘဝဝဋ်‌ကြွေးဆပ်ရမယ်ဆိုရင် သိပ်နာကျင်မိမှာပဲ...

ကာကွယ်ပေးမှာပေါ့... ဝဋ်ကြွေးကိုပြောင်းပြန်လှန်ပြီး ရေစက်အဖြစ်ပြောင်းလဲမယ်... ဖူးစာရေးနတ်ကိုတိုင်တည်ပြီး ဘုရားရှေ့မှာသစ္စာဆိုမယ်...

ချစ်ခြင်းမေတ္တာကဘယ်တော့မှမမှားဘူးတဲ့... ယုံလားဟင်...

ယုံ... သိပ်ယုံ... အတ္တမပါတဲ့မြတ်နိုးခြင်းတွေဟာ မောင့်ရဲ့အညို့ဆီမှာသာ ကိန်းဝပ်တာပါ...

ပိုလိုက်တာမောင်ရယ်... အညို့အတွက်နဲ့ မောင်ကဲ့ရဲ့ခံရပေါင်းများပြီ...

ကဲပါ... ဒါတွေမတွေးနဲ့... မောင်တို့သစ္စာဆိုရအောင်နော်...

မင်းပျိုနဲ့ ရေညိုရစ်တို့သည် ဖြူစင်သောမေတ္တာ၊ စစ်မှန်သောချစ်ခြင်း၊ တည်ကြည်သောသစ္စာ၊ ခိုင်မာသောယုံကြည်မှုများဖြင့် တစ်ယောက်အပေါ်တစ်ယောက် ရိုးဖြောင့်စွာမြတ်နိုးမိခြင်းမှန်ကန်ပါ၏။ ဤမှန်ကန်သောသစ္စာစကားကြောင့် ဖြစ်လေရာဘဝတိုင်း၊ ရောက်လေရာဘဝတိုင်း ဆုံတွေ့ပေါင်းဖက်နိုင်ရပါလို၏။ ဖူးစာအစစ်ဖြင့် ဆုံတွေ့ပေါင်းဖက်နိုင်ရပါလို၏။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now