အပိုင်း(၃၆) Final

10.7K 839 258
                                    

(Unicode+Zawgyi)

တကယ်ဆိုရင် မေတ္တာတရားဆိုတာလေ နောင်တမဖက်ရင် သိပ်လှနေမှာ... သိရဲ့လား...

ထနောင်းကျစ်ရွာအဝင်ဆိုင်းဘုတ်ကို အချိန်အတော်ကြာရပ်ကြည့်နေမိသည်မှာ အတော်လေးကြာခဲ့ပြီ။ တစ်ကြိမ်ပဲရောက်ဖူးတဲ့ဒီနေရာကိုထပ်လာနိုင်ဖို့အကြောင်းအရာကလည်း သူ့ဆီမှာအတိအကျနဲ့။

"သွားရအောင်လားအစ်ကိုလေး"

တင့်ထူးက ပုခုံးပုတ်ကာလာပြောတော့မှ Skyသက်ပြင်းချမိသည်။ ထို့နောက် ဆိုင်ကယ်ပေါ်တက်ကာ ဆိုင်းဘုတ်ကိုနောက်ကောက်ချ၍ လျစ်လျူရှု့ခဲ့လေသည်။

"ဒီအိမ်လေ...အစ်ကိုလေးတစ်ခါရောက်ဖူးတယ်မဟုတ်လား"

"အင်း"

တင့်ထူးကဆိုင်ကယ်ဦးထုပ်ကိုကမ်းယူရင်း Skyကိုစိတ်မသက်မသာနဲ့လှမ်းကြည့်လိုက်၏။ ရေညိုရစ်မိဘတွေအိမ်ကိုသွားချင်ပါရဲ့ဆိုတုန်းက အထိတ်တလန့်တားမိသည်။ ရေညိုရစ်ကိုလျှို့ဝှက်ထားပေးပါဆိုတုန်းကလည်း ပျာယာခတ်ရသေးသည်။ ရေညိုရစ်မိသားစုအကြောင်းကို ခရေစေ့တွင်းကျသိနေသူတင့်ထူးအဖို့ ဒီတောင်းဆိုစကားကို အေးအေးဆေးဆေးလိုက်လျောဖို့မဖြစ်နိုင်ပါ။

"ကျွန်တော်လိုက်ဝင်ခဲ့ရဦးမလား"

"ရပါတယ်၊ ကျွန်တော်တစ်ယောက်တည်းသွားလိုက်မယ်၊ အပြင်မှာပဲစောင့်နေပေးမလား၊ သိပ်မကြာလောက်ပါဘူး"

Skyက တစ်ယောက်တည်းပဲသွားချင်တာကြောင့် တင့်ထူးက ခြံရှေ့သစ်ငုတ်တိုပေါ်မှာထိုင်လျက်ကျန်နေခဲ့လိုက်သည်။ ခြံဝိုင်းထဲစဝင်တော့ ဇွန်ပန်းရနံ့ခပ်သင်းသင်းကိုရသည်။ အိမ်ထဲကိုလှမ်းငေးတော့ ဘယ်သူမှရှိမနေ။ လယ်ယာထဲသွားနေသလားလို့တွေးနေချိန်မှာတော့ ဒေါ်မာဦးတစ်ယောက် မီးဖိုချောင်ထဲကထွက်လာတာကိုမြင်လိုက်ရသည်။

"အန်တီ"

ယောက်ျားတစ်ယောက်ရဲ့အသံမှာ ဒေါ်မာဦးလန့်သွားသည်။ နောက်သို့လှည့်မကြည့်ခင်မှာပဲ သူမအား 'အန်တီ' ဟုခေါ်မည့်သူ ဒီရွာထဲမှာတစ်ယောက်မှမရှိပေ။ အခေါ်အဝေါ်ဆန်းကြယ်လို့ မသိမသာလှည့်ကြည့်လေတော့ Skyက အနားတိုးသွားသည်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now