အပိုင်း(၃၅)

4.9K 606 118
                                    

(Unicode+Zawgyi)

အမြဲထာဝရဆိုတဲ့စကားထက်ပိုသော နေ့ရက်များစွာအထိ မင်းတစ်ယောက်တည်းကိုပဲ မြတ်မြတ်နိုးနိုးချစ်သွားပါ့မယ်... ဒါကိုတော့ ကိုယ်သစ္စာဆိုနိုင်ပါတယ်...

နေရောင်ခြည်သည် နယူးဇီလန်တောင်ဘက်ကျွန်း၊ Castle Hillရဲ့အစွန်ဘက်က အိမ်လေးတစ်အိမ်ပေါ်သို့ ဖြာဆင်းကျရောက်လျက်ရှိသည်။ ထိုအိမ်လေးရဲ့အခန်းတစ်ခုအတွင်းမှ အညိုရောင်ကောင်လေးသည် စောင်ကို ခေါင်းထိဆွဲခြုံလိုက်ပြီး စုတ်တစ်ချက်သတ်လေသည်။ ထိုအပြုအမူကိုကြည့်ကာ အဖြူရောင်ကောင်လေးက ရယ်သည်။

"ဘာရယ်တာတုန်း"

ထိုအညိုရောင်လေးက ဇတ်ခနဲထထိုင်ကာ မကျေမချမ်းလေသံဖြင့်မေး၏။ ထိုအခါ အဖြူရောင်လေးသည် ရယ်သည်ထက်ရယ်မောလာပါသည်။

"မောင်!"

ရေညိုရစ်က ထိုသို့ထပ်အော်တော့မှ Skyမှာအရယ်ရပ်တော့သည်။

"နိုးနေတာကိုမထဘူးလားအချစ်"

Skyက အိပ်ယာထက် ဘေးတစောင်းလှဲချရင်းမေးသည်။ ရေညိုရစ်က ထိုင်နေရာကနေ Skyရင်ခွင်ထဲတိုးဝင်နားခိုကာ

"ပျင်းတယ် တအားပဲ"

အီလေးဆွဲသံနဲ့ဖြေသည်။ Skyက ချစ်တာကြောင့် ရေညိုရစ်ကို ငုံ့နမ်းသည်။ ပါးပြင်လေးနှစ်ဖက်ကို သိပ်ရန်ရှာနေတာကြောင့် ရေညိုရစ်က ထပ်အော်ဖို့လုပ်သည်။ ဒါပေမယ့် မအော်လိုက်ရ။ Skyရဲ့ မနက်ခင်းဒုတိယထိုးစစ်က ထိုနှုတ်ခမ်းဆီသို့ကျရောက်လာ၍ဖြစ်သည်။

"တော်ပြီကွာ.."

"ထတော့မလို့လား၊ ဗိုက်ဆာနေပြီလား"

"မထဘူး၊ အိပ်ဦးမယ်လေကွာ...ညကတစ်ရေးမှမအိပ်လိုက်ရဘူး၊ မင်းကြောင့်!"

ထပ်မံအော်ဟစ်လိုက်သေးပြီးနောက် စောင်ခေါင်းမြီးခြုံ၍ ထပ်အိပ်သည်။ Skyက ခေါင်းတခါခါနဲ့ရယ်ကာ ထိုစောင်ပုံလေးကို ချစ်မြတ်နိုးစွာပွေ့ဖက်ထားလိုက်ပါသည်။

ထိုကဲ့သို့ မနက်ခင်းလေးဟာ... ကြင်စဦးမောင်နှံရဲ့မနက်ခင်းလေးဟာ ဤသို့ဤနှယ် လှပနေပါတော့သည်။

🌾🌾

နယူးဇီလန်ရဲ့မနက်စာကို ရေညိုရစ်အသားလုံးဝမကျ။ ထမင်းစားရမှကျေနပ်တတ်တဲ့အတွက် Skyက ထမင်းကြော်ပေးပါသည်။ ဒါပေမယ့် ရေညိုရစ်လျှာနဲ့ ဘယ်လိုမှအံကိုက်မဖြစ်။ မဖြစ်သော်ငြားလည်း အသစ်စက်စက်ခင်ပွန်းက အပင်ပန်းခံကြော်ပေးတော့ တစ်ပန်းကန်လုံးကုန်အောင်စားပစ်လိုက်သည်။ Skyကတော့ ပေါင်မုန့်မီးကင်ကို မြေပဲထောပတ်နဲ့စားပြီး ကော်ဖီသောက်သည်။ ထောပတ်သီးနဲ့ ကြက်ဥတောင်ပါသေးသည်။ ဒါကိုကြည့်ပြီး ပုဂံပြန်ရောက်ရင် သူပြင်ပေးရမယ့်မနက်စာအတွက် ရင်လေးလို့နေပါ၏။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now