အပိုင်း(၈)

7.3K 853 66
                                    

(Unicode+Zawgyi)

ဇွန်ပန်းရုံကတစ်ရုံနှစ်ရုံ
ကျောက်ရေစည်ကတစ်တွင်းနှစ်တွင်း
ပနံရတဲ့ဝါးကပ်ခြံမှာ
‌နေခြည်နုတို့ဖြာဆင်းအခိုက်...

ဆောင်းနေခြည်နုနုများသည် ရေညိုရစ်ရဲ့မနက်ခင်းမျက်နှာပျိုလေးပေါ်သို့ နုသိပ်စွာကျဆင်းနေသည်။ အမြဲလိုလိုငှက်သိုက်သကဲ့သို့ နဖူးပေါ်ဝဲနေတတ်တဲ့ဆံပင်များက ဒီနေ့မှာ သံလွင်ဆီဝနေတာကြောင့် နဖူးအထက်မှာတောင့်တင်းစွာနေရာယူထား၏။

ဒီနေ့ Skyရှိရာသို့သွားရမယ့်နေ့ဖြစ်တာကြောင့် နဂိုထက်ပိုမို သားနားစွာဝတ်ဆင်ထားဖြစ်သည်။ အကြောင်းပြချက်ရယ်လို့ ရေရေရာရာမရှိသည့်တိုင်အောင် Skyအရှေ့မှာ ရေညိုရစ်ရဲ့ အဆင်ချောတဲ့ပုံပန်းသွင်ပြင်ကိုချပြချင်နေမိ၏။

လင်းထွဋ်ကအိပ်တုန်းမို့လို့ ဆိုင်ကယ်ကိုအသာမောင်းကာ ရေညိုရစ်တစ်ယောက် ပုဂံမြို့သစ်သို့ ဦးတည်လိုက်လေ၏။ ဦးစွာရှောင်ဖယ်ပေမယ့် အကွက်သိပ်ရွှေ့လွန်းသူလေးကြောင့် ကိုယ်‌တိုင်ကြွမြန်းရမယ့်အခြေအနေဆီ ဦးတည်ဆိုက်ရောက်ကုန်၏။

မြင်းလှည်းနဲ့မဟုတ်ဘဲ ဒုတိယအကြိမ် ဟိုတယ်ဆီသို့ ဆိုင်ကယ်ရောက်ချေပြီ။ မြတ်လေးလမ်းထဲချိုးဝင်ကတည်းက အသက်ရှုမဝသလိုခံစားချက်ကို ရေညိုရစ်တကယ်မနှစ်မြို့ပါ။ Skyဟာ ရေညိုရစ်လိုအညာသားတစ်ယောက်အတွက် နိုင်ငံခြားသားလူစိမ်းဆိုပေသိ ရေညိုရစ်စိတ်ထဲ ဒီ့ထက်ပိုရင်းနှီးကာ မိတ်ဆွေအဆင့်တက်ချင်မိသည်။ မဖြစ်နိုင်ပေမယ့်ပေါ့။

"ဘာကူညီပေးရမလဲရှင့်"

ဧည့်ကြိုကောင်တာကအမျိုးသမီးလေးက ယဉ်ကျေးစွာနှုတ်ဆက်သည်။

"ဒီဟိုတယ်မယ် ကိုယ့်လူ..အဲလေ စစ်ကိုင်းဆိုတဲ့တစ်ယောက်တည်းပါတယ်၊ သူကကျုပ်ဧည့်သည်ပါ၊ တွေ့လို့ရနိုင်မလား"

"စစ်ကိုင်း...ဟုတ်ကဲ့၊ ကျွန်မတို့စစ်ဆေးကြည့်ပေးပါ့မယ်"

အမျိုးသမီးလေးက စာရွက်များကိုလှန်လှောနေစဉ် ရေညိုရစ်က မျက်လုံးတွေကို တောင်တောင်မြောက်မြောက်လျှောက်ကစားကြည့်နေသည်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now