အပိုင်း(၂၉)

4.4K 634 104
                                    

(Unicode+Zawgyi)

မျက်ဝန်းတွေဆီက အကြင်နာတရားတို့ကိုဖတ်တတ်ခဲ့တဲ့အခါ သူ့ရဲ့နှလုံးသားအလိုကို နားလည်လာတတ်တယ်...

မင်းပျိုတစ်ယောက် ပုဂံကနေ ညောင်ဦးသို့ ဂျစ်ကားအပြင်းနှင်ကာသွားသည်။ ကားတွေအလီလီကျော်တက်ကာ တိုက်မိလုနီးအခြေအနေတွေကိုလည်း ကျော်ဖြတ်ခဲ့သည်။ သူ့စိတ်တွေတအားပူပန်နေပြီး အချိန်မီရောက်ပါ့မလား၊ အညိုအန္တရာယ်မှကင်းပါရဲ့လားဆိုတဲ့ အကြောင်းတရားတွေဟာ သူ့ခေါင်းထဲမှာစီးဝင်နေလို့ များစွာသောကရောက်နေရသည်။

နောက်ဆုံးတော့ အညိုနေထိုင်ရာနေရာအနားသို့ရောက်လာသည်။ ရွာလမ်းဟာ အရင်ကထက် ဘီးရာတွေထူပြောနေပြီး ခြေရာတွေလည်းများလှသည်။ မင်းပျိုစိတ်တွေချောက်ခြားသွားပြီး ကားပေါ်မှဆင်းကာ အညို့အိမ်သို့ပြေးလေ၏။ အညို့အိမ်မရောက်ခင်ကပင် ဆူဆူညံညံအသံတွေကိုကြားနေရသည်။ ဒါ့ကြောင့် သစ်ပင်တစ်ပင်အကွယ်ကနေချောင်းကြည့်တော့ အစ်မဖြစ်သူဒေါ်အေးပျိုနဲ့အတူ ယောက်ျားကြမ်းကြီးတွေ၁၀ယောက်လောက် စုကာစကားပြောနေကြသည်။ အိမ်တွင်းသို့မြင်ရသလောက်လှမ်းကြည့်တော့ အယိုင်ယိုင်အလဲလဲပစ္စည်းတွေနဲ့ ခြံထဲမှာလည်း ပန်းအိုးတွေအခွဲခံထားရသည်။ မင်းပျိုမှာ သောကထက် ဒေါသပိုရောက်ရပြီး ဒေါ်အေးပျိုဆီ ရန်သွားရှာချင်ပေမယ့် စိတ်ကိုထိန်းထားရသည်။ မဟုတ်ရင် ဒေါ်အေးပျိုဖမ်းခေါ်သွားပြီး အညိုနဲ့ရာသက်ပန်ဝေးဖို့ရှိတော့မည်။

ခဏကြာတော့ သူတို့အားလုံး ကားအသီးသီးနဲ့ထွက်သွားကြသည်။ ထိုအခါမှ မင်းပျိုဟာ အညို့အိမ်သို့ပြေးသည်။ အထဲမှာတော့ ခြေချစရာနေရာမရှိအောင်ပင် ဖျက်ဆီးခံထားရတဲ့ပစ္စည်းတွေဟာ အိမ်လုံးပြည့်ပြန့်ကျဲနေသည်။

"အညို အညိုရေ..မောင်လာပါပြီကွယ်၊ မင်းအဆင်မှပြေရဲ့လားမိန်းကလေးရယ်.."

မင်းပျိုဟာ အိမ်တွင်းမှတိုင်တစ်တိုင်ကိုဆုပ်ကိုင်ကာ လဲကျသွားသည်။ မျက်ရည်တွေလည်းကျနေပြီး သူ့ရဲ့ယောက်ျားအားမန်တွေဟာ လျော့ပါးကုန်သည်။ ဒေါ်အေးပျိုလက်ထဲမှာ အတုံးအရုံးရှုံးခဲ့ရသလို မင်းပျို ကိုယ့်ကိုကိုယ်သိပ်မုန်းနေမိသည်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now