အပိုင်း(၁)

13.9K 1.2K 124
                                    

(Unicode+Zawgyi)

မြတ်ဘုရားဆူရေ
ဖြူရွှေလို့ဝင်း။
ပုဂံပြည်
ဘယ်တိုင်းဘယ်ဌာနီနှင့်
စံမမီလွန်ထင်ရှား
စောမုနိများ။

ပုဂံရွှေပြည်ဟာသမိုင်းဝင်သည်။ ပုဂံရွှေပြည်ဟာရာဇဝင်တွင်သည်။

ဗမာလူမျိုးတစ်ယောက်အနေနဲ့ ပုဂံသားဖြစ်ရခြင်းကို အင်မတန်ဂုဏ်ယူမိသည်။ ဘဝမှာ အကျေနပ်ဆုံးအရာက ပုဂံသွေးတွေ ခန္ဓာကိုယ်ထဲမှာစီးဆင်းနေခြင်းဖြစ်၏။

ထီးဆောင်နန်းဆောင်တွေနဲ့ ပျော်မွေ့သူတစ်ယောက်ရဲ့သွေးပဲစပ်စပ်၊ ဝေယျာဝစ္စတွေနဲ့ လုံးပမ်းရတဲ့‌ကျွန်တော်တစ်ယောက်ရဲ့သွေးပဲရောရော ပုဂံမြေမှာမွေးပြီး ပုဂံမြေမှာကြီးပြင်းရတဲ့ ပုဂံသားစစ်စစ်တစ်ယောက်ဖြစ်ရတာ မွန်မြတ်ဂုဏ်ယူစရာပါ။

ဒီလို ပီတိတွေနဲ့ရှင်သန်နေရင်း ပြိုလဲရတဲ့အကြောင်းအရင်းကတော့တစ်ခုတည်း။

လူဝင်စား....

🌾🌾🌾

မြေဝါလမ်းဟာဖုန်တွေတသောသောထနေသည်။ နွေခေါင်ခေါင်ကြီးဖြစ်တာကြောင့် ရွာလယ်လမ်းတစ်လျှောက်မှာ တံလျှပ်တွေထနေသလို အပူရှိန်ဟာပြင်းစွာဟပ်နေ၏။ ထိုလမ်းကျဉ်းလေးထဲ၌ အမျိုးသမီးတစ်ယောက်က ကလေးငယ်တစ်ယောက်အား ဆောင့်ကြီးအောင့်ကြီးဆွဲခေါ်လျက်လာသည်။

"လာစမ်း! လာစမ်း! မြန်မြန်လာ!"

ကလေးငယ်ရဲ့ပိန်လှီနေတဲ့လက်ကောက်ဝတ်ကို ဆောင့်ဆောင့်ဆွဲကာခေါ်သည်။ ကလေးငယ်က ကြောက်လန့်နေတာကြောင့် ခြေကန်ကန်ကာ နောက်တွန့်နေသည်။

"လာစမ်း! နင့်ကိုအိမ်ရောက်မှ သေအောင်ရိုက်မယ်!"

အမျိုးသမီးရဲ့အသံကျယ်ကြောင့် ရွာလမ်းတစ်လျှောက်အိမ်ကလူတွေ ပြတင်းပေါက်ကနေပြူကြည့်ကြသည်။ ဟိုဟိုဒီဒီနဲ့ မျက်စောင်းခဲအတင်းတုပ်နေသူများလည်းပါသည်။

အိမ်ဝိုင်းထဲဝင်လာတော့ တစ်အိမ်လုံးရဲ့အချစ်တော်ခွေးလေးဘိုပြာထွက်လာသည်။ ကလေးငယ်အနားပြေးလာပြီး တိုးဝှေ့ဖို့ကြိုးစားသည်။ သို့ပေမယ့် ဘိုပြာရဲ့စိတ်ကူးမအောင်မြင်ပေ။ ကလေးငယ်က အမျိုးသမီးရဲ့ အိမ်ထဲအတင်းဆွဲသွင်းခြင်းကိုခံလိုက်ရ၏။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now