အပိုင်း(၂၅)

4.2K 573 106
                                    

(Unicode+Zawgyi)

ပစ်စရာမရှိ ချစ်စရာသာသိတာမို့
ခွာနိုင်မယ်တော့မထင်
မျက်ဝန်းပြာတွေက ပင်လယ်လိုမာယာမများတာမို့
တစ်ဘဝစာငေးကြည့်ချင်
တွယ်တာရသောသူ့လက်အား ထာဝစဉ်အစဉ်တွဲချင်မယ့်
ကိုယ်ဆိုတာအနာများတာမို့ သူတစ်ကိုယ်ပါနာကျင်သွားမှာကိုဖြင့် မကြည့်ရက်ချင်မမြင်ချင်
ဒီတစ်ခါသူတကယ်ပြောတော့လင့်
ထိုရင်ခွင်ခိုနားရအောင်လို့ ပန်းမွေ့ရာခင်းပေး‌သော်လည်း နင်းမလျှောက်ရဲတာမို့ ရှောင်ဖယ်ကာဝေးဝေးသွားတော့မည် သူမမြင်ရာသို့...

"ကျွန်တော့်ကိုလက်ထပ်နိုင်မလား"

Skyမျက်ဝန်းပြာများသည် တည်ကြည်လေးနက်နေပါ၏။ စကားသံမှာလည်း များစွာအေးဆေးပြီး အလေးထားသောစကားကိုပြောနေသည့်နှယ် များစွာတည်ငြိမ်နေပါ၏။

ဒီလိုစကားမျိုးကို ကြားရဖို့ ဘယ်တုန်းကမှမမျှော်လင့်ထားတဲ့ရေညိုရစ်တစ်ယောက် ဒူးများညွတ်ခွေကျတော့မည့်နှယ်ဖြစ်နေသလို နှလုံးသားမှာလည်း သွေးတိုးအဟုန်ဟာ အင်မတန်ကိုမြန်ဆန်နေသည်။ မျက်လုံးတွေမှုန်ဝေပြီး ဘာမှမမြင်တော့သလိုခံစားသွားရပြီး Skyကိုကြည့်လိုက်တော့ မျက်ဝန်းပြာတွေဟာ အရောင်တောက်ရွှန်းနေသည်။

ရေညိုရစ်ကမျက်နှာပျက်သွားပြီး လူသူကင်းရှင်းတဲ့တစ်နေရာဆီထွက်သွားသည်။ Skyကတော့ အနောက်ကနေအပြေးလိုက်သွားရ၏။

"ကိုအညို..."

မခေါ်ရဲခေါ်ရဲခေါ်မိတော့ ရေညိုရစ်ကကျောခိုင်းရာကနေလှည့်လိုက်ကာ စူးရဲသောမျက်လုံးများဖြင့် Skyအားကြည့်သည်။

"ခင်ဗျားကျုပ်ကို ခုနင်က ဘာပြောလိုက်တာလဲ"

"ကျွန်တော့်ကိုလက်ထပ်နိုင်မလားလို့..."

ခွပ်!

ရုတ်တရက် တစ်ချက်ထိုးလိုက်သည်။ ထို့နောက် ရေညိုရစ်က Skyရဲ့အင်္ကျီရင်ဘတ်စကိုဆုပ်ကိုင်လျက် လက်သီးအားမျက်နှာနားတေ့ကာ

"ထပ်ပြောစမ်း!"

"ကိုအညို"

"လက်ထပ်နိုင်မလား ဟုတ်စ.."

ရေညိုရစ်က သူဆုပ်ကိုင်ထားတာကိုဖြေလျော့၍ပြောသည်။

"ကိုအညို ကျွန်တော်..."

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now