အပိုင်း(၃၃)

5K 604 92
                                    

(Unicode+Zawgyi)

ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံပျက်

အင်္ဂလိပ်ပြက္ခဒိန်အရ ဒီဇင်ဘာလသို့ ဆီးနှင်းပွင့်များနဲ့အတူ ရေညိုရစ်နဲ့ Skyတို့ရောက်ရှိလာကြသည်။ အညာဆောင်းကိုအထင်မသေးအံ့ဆိုသလို ချမ်းအေးလိုက်ပုံများ ခိုက်ခိုက်တုန်ရီလို့ရှိသည်။ မနက်ပိုင်းဆိုလျှင် ပါးစပ်မှအငွေ့တွေဟာ စကားပြောတိုင်း တလူလူလွင့်ထွက်တတ်သည်။ Skyလို နယူးဇီလန်သားတစ်ယောက်အတွက် မြန်မာကဆောင်းဆိုတာ သာမန်လောက်ပဲဆိုပေမယ့် ရေညိုရစ်အတွက်ကတော့ အေးစိမ့်လို့နေပါသည်။

"ဒီနှစ်ပိုချမ်းတယ်နော်"

"မနှစ်ကဘယ်လောက်အေးလဲမောင်မှမသိဘဲ"

Skyက ဒီလိုပြန်ဖြေလေတော့ ရေညိုရစ်က Skyလက်မောင်းကိုထိုးလိုက်သည်။

"အ..နာလိုက်တာဗျာ၊ ရေညိုလေးကလက်သီးအားပြင်းတယ်"

"ဒီလောက်လေးကိုမပိုစမ်းပါနဲ့၊ မနှစ်ကဆောင်းမသိဘူးဆို ခင်ဗျားက လာရာအရပ်မှာအလေလိုက်နေခဲ့တာမဟုတ်လား၊ စာတစ်စောင်နဲ့ပလစ်ခဲ့ပြီးတော့များ..."

အတိတ်ကိုစမြုံ့ပြန်ကာ သူ့အားရန်စွာနေတဲ့ရေညိုရစ်ကို Skyက သူ့လက်မောင်းလေးကိုပွတ်ကာ ကြည့်နေမိသည်။

ချစ်သောမျက်စိဖြင့်ကြည့်ရင် မြင်သမျှလှ၏။ ချစ်သောနားဖြင့်နားထောင်လျှင် ကြားသမျှအေး၏။
ချစ်သောလက်ဖြင့်ထိတွေ့လျှင် ထိသမျှနူးညံ့၏။

ရေညိုရစ်ကိုသိပ်ချစ်တဲ့Skyအတွက် ရေညိုရစ်ဟာ အရာရာပြီးပြည့်စုံသောလူသားတစ်ဦးနှယ် ငေးကြည့်လို့မဝနိုင်သကဲ့သို့၊ ကြည့်နေရင်းနဲ့တောင်မှ ပျောက်သွားမှာကြောက်လို့၊ ပျောက်သွားမှာကြောက်လို့ ထွေးပွေ့ထားရင်းနဲ့တောင် ချစ်လို့မဝနိုင်သော၊ ထိုကဲ့သို့သောအဖိုးတန်လူသားတစ်ဦးဖြစ်လေသည်။

"မောင်တောင်းပန်ပါတယ်ရေညိုလေး၊ မောင်အမှားတွေအများကြီးလုပ်ခဲ့မိတယ်"

"မောင်ကလည်းကွာ...အဲ့လိုတွေထပ်မပြောပါနဲ့၊ ကျုပ်တို့ကြားမှာ တောင်းပန်တာတွေမလုပ်ကြေးလို့ ပြောထားဖူးတယ်မဟုတ်လား"

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now